အန်တီချို့မှာက "အုန်းပင် မြန်မာထမင်းဆိုင် (၁)နှင့် (၂) ကို ဖွင့်ပြီး စီမံနေရ ရှာ‌ေလသည်။ဆိုင်ခွဲ(၃) ကို ဖွင့်မယ်။ဖွင့်မယ် လို့တော့ အသံကြားခဲ့သေးသည်။အခုအတိုင်းဆို ဖွင့်နိုင်တော့မည် မထင်ပေ။

ဖေဖေက သူအကူအညီ လိုနေသည့် အကြောင်းကို ကိုကိုမြတ်ဘုန်းရှိန်ထံသို့ ညည်းညည်းညူညူ လေး အသိပေးလိုဟန် ရှိပေသည်။သို့ပေသိ ကိုကိုက ဘာတခွန်း မှတော့ မတုံ့ပြန်သေးချေ။

ကျတော်တို့ စီးလာသော ကားလေးက အန်တီချို၏ အုန်းပင်မြန်မာထမင်းဆိုင်(၁)ဆီသို့ တရိပ်ရိပ် ပြေးလွှားလျှက်ရှိလေသည်။

ကျတော်ကတော့ စားချင်သည့် ဟင်းအမျိုးအမည်တွေကို ခေါင်းထဲ၌ စီရရီပေါ်လာလေနေသည်။

စဉ်းစားရင်း တွေးတောရင်းနှင့်ပင် ကျတော်က အစားအသောက်လည်း ကြိုက်သူပီပီ ၊အခုတလောမှာလည်း ဟင်းချက်၊ထမင်းချက်တွေ လုပ်ကြည့်တော့ ပျော်သည်ဟု ခံစားရတာကြောင့်
စာဖိုမှူး သင်တန်းတက်ကာ အစားအသောက်ချက်ပြုတ်တာကို လေ့လာ ရမည်ဟု စိတ်ပိုင်းဖြတ်မိလိုက်သည်။

.............

ကျတော်က ကျတော်ကြိုက်သော ဟင်းပွဲ များကို နှစ်မျိုး ၊သုံးမျိုး မှာစားနေတာကြောင့် အန်တီချိုနှင့် ဖေဖေက ပြုံးနေကြလေသည်။

"အောင်ရဲသူကတော့ အောင်ရဲသူ ပါပဲ"

လို့ ဖေဖေက သဘောကျနေပေမယ့် တမင် ညည်းညည်းညူညူလေးပြောကာ ကျတော့်ကို ကျီစယ်နေလေသည်။

"အခုတလော ဖေဖေတွေးမိတာလေး ရှိတယ် ။သားကြီး စိတ်ဝင်စားလား?"

"ဟုတ်ကဲ့ ပြောပါ ဖေဖေ"

"ဖေဖေက သားကြီးကို အမွေစား၊အမွေခံ အဖြစ် ‌တရားဝင်မွေးစားထားတာကို သားကြီး သိတယ်နော်"

"ဟုတ်ကဲ့ သိပါတယ် ဖေဖေ"

ကျတော်က ဖေဖေ ဘာတွေများ ဆက်ပြောမှာလဲလို့ သိချင်စိတ်တွေက ယောက်ယက်ခတ်နေပေမယ့် ကိုကို့ကို အကဲခတ်မိတော့ ကိုကိုက အိန္ဒြေရရပင် ထမင်းစားနေလေသည်။

ဘာပဲဖြစ်ဖြစ် ကျတော် အသက်ကို ရဲရဲမရှူရဲချေ။ဟိုတလောလေးဆီက ကျတော် ဖေဖေ့ဆီကို ဖုန်းဆက်ခဲ့တုန်းက လိုမျိုး အောင်ရဲသူ မင်းတယောက်တည်း ဆို ပြန်လာခွင့်ရှိတယ် မြတ်ဘုန်းရှိန်ကို ခေါ်မလာခဲ့နဲ့ ဆိုသည့် ဖေဖေ၏ ခက်ထန်မှုတွေကိုလည်း အခု မတွေ့ရတော့ချေ။

တို့....အတူ (Complete)Where stories live. Discover now