ကျတော် နားထောင်ရသလောက်တော့ ဖေဖေနှင့် ပတ်သက်သည့် အကြောင်းတွေ မပါသေးပေ။ဖေဖေနှင့်ပြောနေတာလည်း မဟုတ်လောက်ပေ။
ပန်းချီပြခန်းမှူးနှင့်ပြောနေတာ ဖြစ်နိုင်ပါသည်။
ပြခန်း၌ ပြရန် ကိုကို့ဆီက ပန်းချီကား လှမ်းမှာနေပုံရပါသည်။

ဖေဖေပြန်မခေါ်လည်း ဘာဖြစ်သေးလဲ?
ကိုကိုက ပန်းချီကားရောင်းပြီး ကျတော့်ကို ကျွေးမှာပေါ့လို့ တွေးမိပြန်သည်။ချစ်သူအားကိုးနှင့် မိဘကိုပုန်ကန်သည့် အတွေးတွေ တွေးနေတာပဲ တွေးမိကာ ကိုယ့် ကို ကိုယ် ပြန်ပြီး ရယ်နေမိပြန်သည်။

ကိုကိုက ဖုန်းကိုချပြီး ကျတော့်ဆီသို့ လှမ်းလာကာ ကျတော့်ခါးလေးကို ဖက်ပြီး အိပ်ခန်းထဲသို့ ဝင်လာခဲ့လေသည်။

"ဘာတဲ့လဲဟင် ကိုကို"?

"လာ ကိုကို့လက်မောင်းပေါ် ခေါင်းအုံးပြီး အိပ်လိုက်၊ကိုကိုပြောပြမယ်"

ကျတော်လည်း ကိုကို့လက်မောင်းပေါ်သို့ ခေါင်းအုံးကာ အိပ်ပစ်လိုက်သည်။

"ပြခန်းမှူးကပြောတယ် ဖေဖေက တဲ့ မြတ်ဘုန်းရှိန်ဆီက ပန်းချီကားတွေကိုလည်း ပြချင်တယ်လို့ ပြောလို့တဲ့လေ။အဲ့ဒါ ကိုကိုဆီက ပန်းချီကား လှမ်းပို့ခိုင်းတာ"

ကျတော် မျက်နှာကျက်ကိုပဲ လှမ်းကြည့်နေမိသည်။ဖေဖေ့ဆီကနေ ကိုကို့ကို ပန်းချီကားလှမ်းတောင်းတာနှင့်တော့ ကျတော်က မပျော်ပါဘူး။သို့ပေသိ ကိုကိုကတော့ ပျော်နေဟန် ရှိတာကြောင့် ကျတော်ပါ ပျော်‌ေနသလို ဟန်ဆောင်လိုက်ရသည်။

"ကိုကို့ ပန်းချီကားတွေကတော့ ရောင်းထွက်မှာပါ"

လို့ ပြောလိုက်သည်။
တကယ်လည်း ရောင်းထွက်မည်ကို သိနေသည်။

အိပ်နေရာကနေ ထ လိုက်ပြီး ကိုကို့ပါးပြင်လေးတွေနှင့် မျက်နှာ အနှံ့ကို ကျတော် နမ်းနေမိသည်။

ဖေဖေ ဖေဖေ ကိုကိုနှင့်ပတ်သက်ရင် စီးပွားတွက်တွေ သိပ်မတွက်ပါနဲ့ဗျာ လို့ စိတ်ထဲကရေရွတ်နေမိသည်။

ပြီးတော့ သနားစရာ ဖေဖေ၏အသုံးချခံလေး ဖြစ်မှန်းမသိ ဖြစ်နေသော ကိုကို့ဆံပင်လေးတွေကို ပွတ်သပ်ကာ ကစားနေမိသည်။

တို့....အတူ (Complete)Hikayelerin yaşadığı yer. Şimdi keşfedin