ဒါကို ကျတော် စိတ်ပူပါသည်။ကျတော် ချစ်ရသည့် ကောင်ငယ်လေး တယောက်ကိုတော့ ဒီလို မလေလွင့်စေချင်ပါဘူး။

"ဖေဖေက သားကို ဆူနေတာ မဟုတ်ဘူး။မင်းက‌ ယောက်ျားလေး ၊တချိန်မှာ အိမ်ထောင်တခုကို ဦးဆောင်ရမှာ ဒီလို မရင့်ကျက်တာတွေကို လုပ်နေလို့ မရတော့ဘူး လို့ သားကို သိစေ့ချင်တာ"

"ဖေဖေ"

"သားကြီး မင်း ဝင်၊ ဝင် ပြီး မကာကွယ်နဲ့၊မင်းအဲ့ဒီလိုတွေ လုပ်နေလို့ ကျောင်းပြီးသွားတာတောင် သူက မရင့်ကျက်နိုင်တာ"

ကျတော် ထိုင်ခုံကနေ ထလိုက်ကာ ဖေဖေ့ထိုင်ခုံ၏ နံဘေးမှာ ဒူးထောက်ကာ ထိုင်လိုက်လေသည်။
ဖေဖေက ရုတ်တရက်ပင် အံ့ဩသွားလေသည်။

"ဘာဖြစ်လို့လဲ သားကြီး"

"ကျတော် ဖေဖေ့ဆီမှာ ဝန်ခံစရာ ရှိပါတယ်"

"ဟေ"

"ကျတော် တို့က ညီအကို အရင်းတွေ မဟုတ်မှန်း ကျတော် ညီလေး ကို ပြောပြလိုက်ပြီ ဖေဖေ။"

""ဟေ ၊ဪ
အင်း  ဒါပေမယ့် ဖေဖေက သားကို
တကယ့်သားအရင်းလိုပဲ
သဘောထားခဲ့တာပါ။
ပြီးတော့ အခုဆုံးမနေတာနဲ့လည်း
ဘာမှ မဆိုင်ပါ့လား ?သားကြီး"

ကျတော် ခေါင်းကို ငုံ့ထားမိသည်။တကယ်တော့ ဖေဖေ ဘယ်လို တုံ့ပြန်မှာလဲ ဆိုတာကို ကျတော်လည်း သိချင်မိပါသည်။စိတ်တွေ လှုပ်ရှား‌ေနမိသည်။

"ပြီးတော့ ညီလေးကို သားက ပဲ တသက်လုံးစောင့်ရှောက်ပါရစေ ဖေဖေ"

"တသက်လုံးတဲ့လား?၊သူအိမ်ထောင်ကျတဲ့အထိ သားကြီးက စောင့်ရှောက်မှာတဲ့လား?သားကြီးကရော အိမ်ထောင်မပြုတော့ဘူးတဲ့လား?"

"ကျတော် အိမ်ထောင်မပြုပါဘူး ဖေဖေ ညီလေးနှင့်ပဲ တသက်လုံး အဖော်ပြုပြီး နေသွားမှာပါ"

ရုတ်တရက်အောင်ရဲသူကပါ ထိုင်ခုံပေါ်ကနေ ထလာပြီး ကျတော့်နံဘေးမှာ ဒူးထောက်ကာ ဝင်ထိုင်လိုက်လေသည်။

"ကျတော်နှင့် ကိုကိုက တွဲနေကြတဲ့ ဆက်ဆံရေး ဖြစ်နေပါပြီ ဖေဖေ"

လို့ပါ တဆက်တည်း ဝင်ပြောလိုက်လေသည်။ထင်မှတ်မထားတာမို့ ကျတော်လည်း မတားလိုက်နိုင်သလို ဖေဖေလည်း တော်တော်လေးပင် အံ့အားသင့်သွားလေသည်။နံဘေးက အန်တီချိုကတော့ သိနှင့်ပြီးသား ဖြစ်တာကြောင့် အံ့ဩဟန် မပြချေ။

တို့....အတူ (Complete)जहाँ कहानियाँ रहती हैं। अभी खोजें