ကျ ‌ေတာ် ဆိုသည့် လူကလည်းအဖေ့ကိုသာ လိုချင်တာ အဖေနှင့် ပါလာသည့်  သားနှစ်‌ေယာက်ကိုကျ မနက်စာ မပြင်ပေးချင်ဘူးဘာညာတွေလည်း ဆီလို အပေါက်ရှာပြီး အပြစ်တင်၊အပြစ်မြင်လွယ်သည့် လူတယောက်လည်း မဟုတ်တာမို့ ကျတော်တို့ ၏ သားအမိ မဟုတ်သည့် သားအမိ ဆက်ဆံရေးက ပေါ့ပေါ့ပါးပါး ရှိလှသည်။

ဤအနေအထားနှင့်ပင် အန်တီချိုက သူမတို့ လင်မယားနှစ်ယောက်အတွက် မနက်စာပြင်နေပြီး ကျတော်က ကျတော်နှင့် အောင်ရဲသူ တို့ အတွက် မနက်စာ ပြင်လိုက်ကြသည်။

"ကိုယ် ချစ်တဲ့ သူအတွက် စားစရာ ပြင်ပေးရတာကလည်း ကြည်နူးစရာပဲနော် မောင်မြတ်ဘုန်းရှိန်"

အန်တီချို့ စကားကြောင့် ကျတော် သဘောကျမိသည်။ဟုတ်လည်း ဟုတ်သည် ကျတော် ပြင်ပေးတတ်သည့် မနက်စာတိုင်းကို အောင်ရဲသူက မက်မက်စက်စက် စားလေ့ ရှိသည်။အပြင်က ဝယ်စား တာတွေ ဘာတွေလည်း မလုပ်ပဲ အဲ့ဒီလို စားပေးနေလို့လည်း ဒီကောင်လေးကို ချစ်ရသလို၊သူ အားပါးတရ စားနေတာကိုမြင်ရင် ပင်ပန်းခံရကျိုး လည်း နပ်သည်။

"ဟုတ်တယ်နော် အန်တီချို"
........
ဖေဖေနှင့် အန်တီချိုက အလုပ်ကိုယ်စီကို ကား ကိုယ်စီနှင့် မောင်းကာ သွားလေသည်။ကျတော်လည်း ကိုကို့ကို ကားမောင်းပြီး လိုက်ပို့ရမည်ဆိုတော့ ကိုကိုသွားလေရာသို့ တကောက်ကောက် လိုက်ရဦးမည် ဖြစ်သည်။

ကိုကိုက ကျတော် အဆင်သင့်စောင့်နေသော ကားပေါ်သို့ တက်လာသည်။

"ဘယ်ကို အရင်သွားမှာလဲ?ကိုကို"

"ဟိုတယ်ကို အရင်သွားမယ်။ပြီးရင် အပျော်စီး သင်္ဘောပေါ်မှာ ကိုကို ပန်းချီရေးချင်စိတ်လည်း ပေါက်နေတယ်။

ကိုကိုက ထိုင်ခုံ ခါးပတ်ကို ပတ်နေရင်းကနေ ကျတော့်‌ေမးခွန်းကို ဖြေနေသည်။

"ဒါဖြင့် အရင်ဆုံး ဟိုတယ်ကို သွားမယ်။ပြီးရင် အပျော်စီးသင်္ဘောပေါ်ကို သွားမယ် ၊နောက်ဆုံးကျမှ ပန်းချီပြခန်းကို သွားမှာပေါ့ ဟုတ်လား?ကိုကို"

ကိုကိုက ခေါင်းယမ်းပြသည်။တဆက်တည်းမှာလည်း

"ပန်းချီပြခန်းက ဖေဖေသွားမှာ ညီလေး"

တို့....အတူ (Complete)Where stories live. Discover now