"ဟူး"

မဟုတ်သေးပါဘူး။ငါဒေါသတွေ အရမ်းထွက်နေတာ မဟုတ်ဘူးလား?အခုတွေးနေတဲ့ အတွေးတွေက ဘာတွေလဲ?

ကိုယ့်ဘာသာကိုယ် ခေါင်းကို ခါယမ်းလိုက်ပြီး အဲ့သည်နေရာကနေ ထွက်လာခဲ့သည်။

ပြန်စဉ်းစားကြည့်တော့ အောင်ရဲသူက ကျတော့်ကို သဘောကျသည်ဟုပြောခဲ့ဖူးသည်။ကျတော်နှင့် တွဲကြည့်ချင်သည်ဟုသာ ပြောခဲ့ဖူးသည်။ကျတော့်ကို ချစ်လှပါချည်ရဲ့ လို့ တခါမှ မပြောခဲ့ဖူးပေ။

ဟုတ်ပြီလေ။
အခု အိပ်ရာက နိုးလာတဲ့ အခါ ကိုကို့ကို ချစ်တယ် လို့ ပြောထွက်လာအောင် လုပ်ရမှာပေါ့ လို့ တွေးကာ ကိုယ့်အတွေးကို ကိုယ်ပြန်ပြီး သဘောကျပြီး ပြုံးမိသည်။
အခုမှပင် စိတ်ထဲရော၊ရင်ထဲရော နည်းနည်း ဘဝင်ကျသွားသလို ခံစားရသည်။
အိပ်ပျော်အောင် အိပ်ရမည် ဒါမှ မနက်ကျ အစီအစဉ်တွေကို အကောင်အထည်ဖော်နိုင်မှာ ဟုတွေးကာ ကျတော့်အခန်းထဲသို့ ဝင်လာခဲ့ပြီး အိပ်ပစ်လိုက်လေသည်။

....................
မနက်ခင်း အိပ်ရာနိုးတော့ ကိုကိုရယ် ၊ဖေဖေရယ်က မနက်စာတောင်စားနေပြီလေ။ဖေဖေက ပေါင်မုန့်ကင်ကို ထောပတ်သီး အနှစ်နှင့် သုပ်ကာ စားနေလေသည်။အဆီထုတ်ထားသည့် နို့တခွက်ရယ် ဒါပဲစားနေသည်။ကိုကိုကလည်း ဖေဖေနှင့် မီနူးအတူတူပင်။

ကျတော့်မနက်စာကမှ စားချင်စဖွယ်ဖြစ်နေသည်။စားချင်စဖွယ်တင် မဟုတ်ပါဘူး ကျတော့်အကြိုက်တွေချည်း ဖြစ်နေသည်။

နို့မလိုင်တွေနှင့် ပျစ်နှစ်နေသည့် ထောပတ်သီးဖျော်ရည်ကို မြောင်းအရှည်ကြီးနှင့် ဖန်ခွက်အကြီးကြီးမှာ အပြည့်ထည့်ထားသည်။ကျတော့်အကြိုက် ရေခဲတုံးလေးတွေလည်းပါသည်။ပြီးတော့ ပန်းကန်ပြားလေးမှာ ထည့်ထားသည့် ချောကလက်ရေခဲညှပ် ကိတ်မုန့်နှင့် ။ကြည့်နေရင်းကပင် သွားရည်ကျမိသွားသည်။

ကျတော်လည်း စားပွဲမှာ ထိုင်ကာ မနက်စာကို အတူတူစားနေမိသည်။

"အငယ်ကောင် နိုးလာတာနှင့် အတော်ပဲ ဖေဖေလည်း သားတို့ကို ပြောစရာ ရှိတယ်"

"ဟုတ်ကဲ့ပြောပါဖေဖေ"

"ဖေဖေလည်း ချိုနှင့် အိမ်ထောင်ပြုတော့မယ်။အဲ့ဒါမင်းတို့ ညီအစ်ကို နှစ်ယောက်ရဲ့ သဘောထားကို သိချင်လို့ မေးကြည့်တာ"

တို့....အတူ (Complete)Where stories live. Discover now