ဖုန်းမက်ဆေ့ မြည်သံကိုကြားရသည်မို့ ဖုန်းကိုကောက်ယူပြီး ဖတ်ကြည့်လိုက်မိသည်။

"ညီလေးအောင်ရဲသူ အကို ညီလေးတို့ အိမ်နဲ့ မလှမ်း၊မကမ်းက ပန်းခြံလေးမှာ ရောက်နေပြီ။ချောကလက်ရည် ဝယ်လာတယ်။ထွက်လာခဲ့နော် အခု"

ဆိုသည့် အကိုပြည့်စုံဆီက စာတစောင်ကို ဖတ်လိုက်ရလေသည်။သွားတွေ့ရမှာလား?၊မတွေ့ရဘူးလား?နှင့် တွေဝေနေရင်းကနေ အဝတ်အစားလေးကို သပ်ရပ်အောင်ပြင်ပြီး ပန်းခြံလေးဆီသို့ ထွက်လာခဲ့လေသည်။

မလှမ်းမကမ်းကနေ လှမ်းမြင်နေရတဲ့ အကိုပြည့်စုံ၏ ပုံစံလေးက ဟိုပုံးက ခုံတန်းလျားလေး မှာတွေ့ခဲ့ရဖူးသည့် ပုံစံကို ပြန်ပြီး အမှတ်ရစေသည်။
ကျတော့်ကို မြင်တော့ ပြုံးပြသည်။

"အကို ဒီနေ့ဆေးခန်းပိတ်တာလားဟင်?"

ကျတော့်လက်ထဲကို ချောကလက်ရည် တခွက်လှမ်းထည့်ပေးပြီး အကိုပြည့်စုံက ဖြေသည်။

"ဆေးခန်းက ဖွင့်တယ် ညီလေး ။
အကိုက ဒီအတိုင်း ညီလေးနှင့် စကားပြောချင်လို့"

အကိုပြည့်စုံက ပန်းခြံထဲက ခုံတန်းလျားလေးပေါ်မှာ ခြေထောက်ချင်းချိတ်ပြီး ထိုင်နေသည်။အရင်လို သန့်ပြန့်ကာ ကြည့်ကောင်းနေသည်က သူ့ပုံစံအမှန်ပင် ဖြစ်လိမ့်မည်။

ကျတော် သူ့နံဘေးမှာ ဝင်ထိုင်လိုက်သည်။

"အရေးတကြီး ပြောစရာ ရှိလို့လား?

"အရေးတကြီး ပြောစရာတော့ မရှိပါဘူး။ဒီအတိုင်း စကားပြောချင်လို့ပါ"

ကျတော်က ချောကလက်ရည်ကို ငုံ့သောက်နေတာမို့ အကိုပြည့်စုံက စိုက်ကြည့်နေတာကို မမြင်မိပေ။သောက်ပြီးလို့ မော့ကြည့်လိုက်တော့မှ ကျတော့်ကို ကြည့်နေသည့် အကိုပြည့်စုံကို မြင်လိုက်ရသည်။

"ဟင်
ဪ အကို ပြည့်စုံ ပြောလေ"

"ညီလေးမှာ ချစ်ရမယ့် သူ ရှိနေပြီလား?"

အကိုပြည့်စုံက ဘာကိုဆိုလိုတာလဲ?
အကိုပြည့်စုံက ဘာကိုပြောချင်တာလဲ?
အကိုပြည့်စုံက ဘာလို့ ဒီမေးခွန်းကိုမေးရတာလဲ?"

တို့....အတူ (Complete)Tahanan ng mga kuwento. Tumuklas ngayon