ပြီးတော့ အသည်းတွေလည်း ကွဲနေသည်လေ။ငါ့ကို စိတ်မပျက်ပါနဲ့ ဘုန်းစည်ရေ။

"စိတ်ပျက်လို့ မဟုတ်ပါဘူး။
ဦးကို တခါတလေတော့ အဲ့ဒီလို သောက်စေချင်နေတာပါ။
အလုပ်ရယ်၊ကလေးတွေရဲ့ အလုပ်တွေရယ်နဲ့ အမြဲတမ်း ပြည့်ပိတ်နေတာ မဟုတ်လား?"

ဘုန်းစည်၏ စကားကြောင့် ကျတော် သက်တောင့် သက်သာ ဖြစ်ရသည်။

"ငါ့ကို နားလည်လို့ တော်ပါသေးတယ် ဘုန်းစည်ရာ"

ဘုန်းစည်က ဘာမှ ဆက်မပြောပါဘူး။ငြိမ်နေသည်။

သိပ်မကြာခင် အိမ်ကို ပြန်ရောက်လာလေသည်။

"ရတယ်၊ရတယ် ဦးကို မတွဲနဲ့ ဘုန်းစည်"

မတွဲနဲ့ လို့သာ ပြောတာ၊သူမတွဲရင် ကျတော်က ပစ်လဲကျတော့မည်။

"ကလေးတွေရော'

"အိပ်ပျော်ကုန်ကြပြီလေ ဦးရဲ့"

ကျတော့်အခန်းထဲကို ရောက်တော့
ဘုန်းစည်က အိပ်ယာပေါ်သို့ ကျတော့်ကို ပွေ့တင်လိုက်လေသည်။
ကျတော် မလှုပ်နိုင်တော့တာကြောင့် ကျတော့်ဖိနပ်တွေကို ဘုန်းစည်က ပင် ချွတ်ပေးလေသည်။
ကျတော့်ကို စောင်ခြုံပေးခဲ့ပြီး အခန်းမီးကိုလည်း ပိတ်ပေးခဲ့လေသည်။
အဲ့ဒါတွေကို အကုန်သိနေပြီး ဘာမှလည်း ကိုယ်တိုင် ထမလုပ်နိုင်တာကြောင့်  အိပ်မပျော်သွားခင် နောက်ဆုံးတွေးခဲ့တဲ့ အတွေးက ဘုန်းစည်သာ မရှိရင် ငါတော့ ကြမ်းပြင်ပေါ်မှာပဲ အိပ်ပျော်သွားမိတော့မှာပဲဟူ၍ ဖြစ်သည်။
.............
ဒီ ပန်းသီး ကို ကျတော်ဆွဲချင်နေမိသည်မှာ ကြာပြီဖြစ်သည်။ကိုက်လက်စ ပန်းသီး တလုံး၏ ခပ်ရိုးရိုး ပုံတပုံ ပင်ဖြစ်သည်။
ဒါပေမယ့် ပန်းသီးအစစ်နှင့် တပုံစံတည်း တူအောင် ဆွဲထားတာတော့ မဟုတ်ပေ။
အရောင်တွေက ဆန်းသစ်သည့် အရောင်တွေနှင့် ဆွဲချင်နေမိသည်။

"မိုက်တယ်၊ ညီလေး အတွေးလေးကို ကိုကို ကြိုက်တယ်"

နောက်ကရောက်နေသည့် ကိုကို့စကားကြောင့် ကျတော် ပျော်သွားရသည်။

"ချောကလက် ဖျော်ရည် သောက်မလား?"

"သောက်မယ် ကိုကို"

တို့....အတူ (Complete)Where stories live. Discover now