Part (41) Uni/Zawgyi

Start from the beginning
                                    

အားလုံးဟာ ဒီအမှုအား ခင်သက်၏ခွင့်ပြုချက်နှင့်နေပိုင်ထွဋ်တရားစွဲထားသည်ဟုသာထင်နေကြသောကြောင့် နေပိုင်ထွဋ်နဲ့အတူခင်သက်လည်းပါလာလိမ့်မည် သို့မဟုတ် ပါလာပြီးသားဟုထင်နေကြလေသည်။

တကယ်တော့နေပိုင်ထွဋ်သည် ခင်သက်ကိုအသိပဲပေးခဲ့ပြီးသူကိုယ်တိုင်သာသက်သေနှင့်ရှေ့နေများကိုရှာဖွေရင်းတရားစွဲဆိုထားခဲ့တာဖြစ်သည်။ ထို့ကြောင့်ခင်သက်ရောက်လာ၊မလာကိုစိတ်ပူနေသူဟာဒီတရားခွင်တစ်ခုလုံးမှာနေပိုင်ထွဋ်တစ်ယောက်သာရှိလေသည်။

ရုံး၌ အားလုံးသူ့နေရာနှင့်သူထိုင်ပြီးကြ၍ တရားစီရင်မှုစတင်တော့မှာဖြစ်သည်။ ထို့​ကြောင့်နေပိုင်ထွဋ်ရဲ့ရှေ့နေဖြစ်သူ ဦးမြတ်သူရက

"မခင်သက်တင်မလာသေးဘူးလား ကိုနေထွဋ်"

ဟု နေပိုင်ထွဋ်အားခပ်တိုးတိုးကပ်မေးလိုက်သည်။

တရားခံဘက်ကလည်းအသင့်ဖြစ်နေ၍ ဟေမာန်ထွဋ်ကလည်းနေပိုင်ထွဋ်ကိုလှမ်းကြည့်နေသည်။ ကျော်ဇောလင်းကတော့ တရားခံ၏နေရာမှာအနည်းငယ်တုန်လှုပ်နေဟန်နဲ့ရှိနေလေ၏။

နေပိုင်ထွဋ်လည်းခင်သက်မရောက်သေးတာမို့ ဇောချွေးတွေပါပြန်လာပြီး ရှေ့နေကိုလည်းပြန်မဖြေနိုင်ဘဲရုံးတစ်ခုလုံးကိုကျီးကန်းတောင်းမှောက်လိုက်ကြည့်နေမိသည်။

မတည်မငြိမ်ဖြစ်နေတဲ့နေပိုင်ထွဋ်အားကြည့်ပြီး ယမင်းနှင့်မာလာတင်တို့လည်းသံသယဝင်လာသည်။ ခင်သက်ကလည်းအခုထိရောက်မလာသေးသောကြောင့်အချင်းချင်းလည်းတီးတိုးပြောနေကြလေ၏။

ဟေမာန်ထွဋ်ကတော့ နေပိုင်ထွဋ်ရဲ့အခြေအနေကိုကြည့်ပြီး ယုံကြည်ချက်ရှိနေပုံမပေါ်တာမို့ သူမကျော်ဇောလင်းကိုပဲယုံကြည်သင့်သည်ဟုကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ပါသည်။ သူမ၏ခင်ပွန်းဖြစ်သူအားတစ်ချက်ပြုံးပြ၍အားပေးလိုက်တော့ကျော်ဇောလင်းကမပြုံးနိုင်ဘဲရှိနေလေသည်။

အားလုံးရှေ့မှာရှိနေသောတရားသူကြီးကလည်းနာရီကိုတစ်ချက်ကြည့်ပြီးသူ၏ဘေးမှာရှိနေသူအားအခြေအနေကိုတစ်ချက်မေးကြည့်ဖို့အချက်ပြလိုက်သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now