Part (40) Uni/Zawgyi

Start from the beginning
                                    

"ဒါ....ဒါပေမဲ့ အခုမြန်မြန်လွတ်ရင်ရပြီလေကွာ...မောင့်ကိုဒီကနေမြန်မြန်ထွက်ရအောင်လုပ်ပေးပါမောင်အပြင်ရောက်ရင်အားလုံးကိုရှင်းပြပါ့မယ် မောင့်ကိုယုံပါမရယ်...နော်"

ဟေမာန်ထွဋ်သည် သူ့ရှေ့ကချစ်ရသောခင်ပွန်းသည်ရဲ့မျက်နှာကိုကြည့်ပြီးဘယ်လိုမှမငြင်းနိုင်ခဲ့။ သူပြောခဲ့သောမဟုတ်ပါဘူးမလုပ်ခဲ့ပါဘူးဆိုတာကိုသာယုံကြည်ခဲ့စွာနဲ့ ရှေ့နေထပ်ငှားဖို့ဆုံးဖြတ်လိုက်သည်။

ရုံးချိန်းမတိုင်ခင်ရှေ့နေနှင့်တိုင်ပင်သင့်တာတွေတိုင်ပင်ပြီး ဟေမာန်ထွဋ်လည်းမောင်ဟာသူမကိုပဲချစ်သည်။ဒီလောက်အောက်တန်းကျတဲ့အလုပ်တော့လုပ်မှာမဟုတ်ကြောင်းယုံကြည်ထားမိသည်။

မောင့်ကိုချစ်တဲ့စိတ်နဲ့သာ သွေးတစ်ဝက်တော်စပ်သောမောင်ဖြစ်သူနေပိုင်ထွဋ်အားလည်းအတော်လေးစိတ်နာနေမိသည်။

ဘာတွေများမကျေနပ်စရာရှိလို့ဤကဲ့သို့ယုတ်ညံ့သောအမှုဖြင့်တရားစွဲရသလဲဟုစဥ်းစားနေမိသည်။

ဒါပေမဲ့ဟိုတစ်ခါအိမ်အထိလာပြီးမောင့်ကိုအသေမသတ်ရုံတမည်လုပ်သွားတာကိုလည်းသတိရမိကာ မောင်ကတကယ်များလုပ်ခဲ့လေသလားဟုသံသယဝင်လာပြန်သည်။

ဟေမာန်ထွဋ်တစ်ယောက်ခင်ပွန်းသည်တစ်ဦးမတွက်နဲ့တင်စိတ်ပင်ပန်းလူပင်ပန်းစွာနှင့်ကုမ္ပဏီကိုလည်းမကြည့်နိုင်။

အိမ်မှာနာမကျန်းနေသောအဘိုးဖြစ်သူကိုလည်းမကြည့်နိုင်ရှိလေသည်။

ဦးသောင်းထွဋ်လည်းဟေမာန်ထွဋ်နှင့်ကျော်ဇောလင်းရဲ့ရှုပ်ယှက်သောအမှုတွေကိုကြားရတာတစ်မျိုး၊ ကုမ္ပဏီရဲ့တဖြည်းဖြည်းကျဆင်းလာသောစျေးကွက်များကြောင့်တစ်မျိုး၊ စိတ်ပင်ပန်းနေရသည်။

ထို့အပြင်ပိုပြီးစိတ်ထိခိုက်စေတာကနေပိုင်ထွဋ်ထွက်သွားတာကိုပင်ဖြစ်သည်။နေပိုင်ထွဋ်ထွက်သွားလျှင်ကုမ္ပဏီရော သူလိုချင်သောခင်သက်တင်၏ကလေးရောရမည်မဟုတ်တော့။

ဦးသောင်းထွဋ်သည်သူ့ကိုယ်သူသိပ်မဟန်ချင်တာသိသည်။ ဘယ်နေ့များကောက်ခါငင်ခါဘဝတစ်ပါးသို့ကူးသွားလေမလဲဟုလည်းမကြာခဏတွေးမိသည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now