တကယ်လည်း ညီလေးက မွေးမွေးချင်း မှာပင် ပါးဖောင်းဖောင်းလေးနှင့် မျက်လုံးတောက်တောက်လေးနှင့် ချစ်စရာလေး ဖြစ်နေခဲ့သည်။ပြီးတော့ သူ့ကို မွေးမွေးပြီးချင်း မေမေက ဆုံးပါးသွားခဲ့သည်မို့ သိပ်ပြီးတော့လည်း သနားစရာ ကောင်းခဲ့သည်။အဲ့ဒီအချိန်မှာပင် ညီလေးကို စောင့်ရှောက်ပေးရမည်၊ချစ်ခင်ပေးရမည်ဆိုသည့် ဆုံးဖြတ်ချက်က ပိုပြီး ခိုင်မာလာခဲ့သည်။
သူ့ကို မွေးသည့် အချိန်မှာ ကျတော်က အသက်(၁၂)နှစ် ပြည့်လု၊ပြည့်ခင် အရွယ်ပင် ဖြစ်နေပြီ။

ညီလေး လူမှန်း သိတတ်လာတော့ ဖေဖေက ကျတော့်ကို အားကိုးတာ၊ကျတော့် ကို ဂရုစိုက်တာတွေကို သူ မကျေနပ်၊အမြဲတမ်း စူပုတ်ပုတ်၊ဂျစ်ကန်ကန်လေးနှင့် မျက်နှာလေးကို သုန်မှုန်ထားတတ်သည်။

တကယ်ဆို ဖေဖေကလည်း ချစ်ပေမယ့် သူ့ကို အားမလို၊အားမရ ဖြစ်ကာ ပြောမိ၊ဆိုမိတာတွေကို သူမကြိုက်တာသာ ဖြစ်သည်။

ငယ်စဉ် အချိန်တုန်းကတော့ သနားလည်း သနားပြီး ၊ညီလေး တယောက်လို တကယ်လည်း ချစ်ခဲ့မိသည်။ညီလေးကလည်း အကိုအရင်းတယောက်လိုပဲ တလျှောက်လုံး ထင်မှတ်လာခဲ့သည်။

သို့ပေမယ့် ကျတော့် အသက် သုံးဆယ်ကျော်လာသည့် အချိန်အထိ အလုပ်ရယ်၊မိသားစုရယ်။မိသားစုရယ်၊အလုပ်တွေရယ် နှင့်ပဲ လည်ပတ်လာခဲ့ပြီး
ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ ?ဆိုတာကို အဖြေရှာကြည့်တော့ ကျတော့်မှာ  ညီလေးကို ချစ်မိမှန်း မသိ၊ချစ်မိနေတာကို တွေ့လိုက်ရသည်။

အရွယ်‌ေရာက်လာသည့် ညီလေးက သူ့ရွယ်တူ အတန်းဖော်တွေအပေါ် စိတ်ကစားလျှင် ကျတော် သဝန်တိုမိသည်။သူ့ကို ဘယ်လို ဂရုစိုက်ရမလဲ?။သူပို ချစ်လာအောင်၊သူပို အားကိုးလာအောင်၊သူတခြား တစုံတယောက် အကြောင်း မတွေးနိုင်အောင် ဘယ်လို လုပ်ယူရမလဲကိုပဲ ကျတော် အမြဲတမ်းတွေးသည်။

အဲ့ဒီ လို သဝန်တိုရသည့် အကြောင်းတွေ၊မခံစားနိုင်သည့် အကြောင်းတွေကို ပြည့်စုံ ဆီမှာ  အမြဲတမ်း ရင်ဖွင့်လေ့ရှိတာမို့ ကြာလာတော့ ပြည့်စုံကပင် ပြောလာသည်။

"မင်း သူ့ကို သဝန်တိုတာ ကြီးက မလွန်လွန်း ဘူးလား?"

"ဟင် ဘယ်လို လွန်တာလဲ?မိသားစုတွေက ဒီလိုပဲ ဖြစ်တတ်တာပဲ မဟုတ်ဘူးလား?"

တို့....အတူ (Complete)Where stories live. Discover now