အခုတော့လည်း ကျတော်တို့အားလုံး ကိုကို ဘွတ်ကင်လုပ်လာခဲ့သည့် စားသောက်ဆိုင်မှာ ကိုကို၏ ချစ်သူ
ဆိုသူကို  အတူတကွ စောင့် ဆိုင်းနေကြရသည်။

ဘယ်လို ပုံစံများ ဖြစ်မလဲ? လို့ တွေးကာ
ပုံဖော်ကြည့်နေတုန်းမှာပင် စားသောက်ဆိုင်၏ သီးသန့်ခန်းတံခါးက ချပ်ကနဲ ပွင့်လာသည်။ပေါ့ပေါ့ပါးပါး ဖြစ်လောက်သည့် အနောက်တိုင်းဝတ်စုံ ပုံစံမျိုးကို ဝတ်ဆင်လာသည့် လူတယောက်ဝင်လာသည်။ဖျတ်ကနဲ အမြင်၌
ပင် အရပ်ရှည်တာကို သတိထားမိလိုက်သည်။

"လာ ထိုင် ပြည့်စုံ"

ကိုကိုကတော့ ပျူပျူငှာငှာ နှင့်ပင်ကြိုဆိုနေလေသည်။ဖေဖေကတော့ ပြုံးနေလေသည်။ဖေဖေ့မျက်နှာ ဆီကနေ ပြည့်စုံ ဆိုသည့် လူထံသို့ အကြည့်လွှဲလိုက်မိသည်။

ဟင်၊ ဒါက ။ဒါက။ဟို အကိုပဲ။
ကျတော့်ကို ပထမဦးဆုံး အားပေးစကားပြောခဲ့ဖူးသည့် အကို။
ကျတော် နောက်ထပ်တကြိမ် လောက်ပဲ ဖြစ်ဖြစ် ထပ်ပြီး ဆုံတွေ့ချင် ပါသည်ဟု တောင့်တ ‌ေနမိခဲ့တဲ့ အကိုပဲ။

ကြည့်စမ်း ကိုကိုဟာ သိပ်ကိုကံကောင်း လှပါ့လား? သူ့ကို သိပ်ချစ်သည့် ဖေဖေရယ်။သိပ်အောင်မြင်နေသည့် ပန်းချီဆရာ တယောက် ဖြစ်နေတာရယ်။ပြီးတော့ အရမ်းကို စိတ်သဘောထားကောင်း သည့် ချစ်သူရယ်။
ကျတော် လိုချင်လို့ ရဖို့ အတွက် ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရသမျှတွေဟာ အလွယ်တကူပဲ သူ့အတွက် ဖြစ်လာနေကြတာပါ့လား? လို့ မကျေမနပ်ပင် တွေး လိုက်မိသည်။

"ဟင်  ညီလေးက မြတ်ဘုန်းရှိန်ရဲ့ ညီလေးလား?"

"ဟုတ်တယ် အကို"

"ဟုတ်တယ် ပြည့်စုံ မင်းက ကိုယ့် ညီနဲ့ သိလို့လား?"

"တခါမြင်ဖူးတာပါ"

"တခါ မြင်ဖူးတာပါ"

မထင်မှတ်ထားပဲနဲ့ ကျတော်နှင့် ပြည့်စုံ ဆိုသည့် အကို တို့ နှစ်ယောက်သား က သံပြိုင်ပြောလိုက်တာမို့ ကိုကိုက ရယ်နေသည်။

"ပြည့်စုံရေ ဒါက ငါ့ညီလေးလေ။
အောင်ရဲသူတဲ့။သူလည်း ပန်းချီဆွဲတယ်။ညီလေး ဒါက ကိုကို့ သူငယ်ချင်း ပြည့်စုံဘတဲ့"

တို့....အတူ (Complete)Where stories live. Discover now