"အဲဒါက ဆေးဖြတ်ရင် ခံစားရတဲ့ လက္ခဏာထဲမှာပါတယ် သခင်လေး ခုခံစားနေရတဲ့ အထိတ်တလန့်နိုးလာရင် ချွေးဇောပြန်ပြီး  မောကာအသက်ရှုမဝဖြစ်လိမ့်မယ် ပြီးတော့ စိတ်မလုံခြုံမှုတွေ ခံစားရလိမ့့်မယ် ဒါကြောင့် ခုလို အိမ်မက်ဆိုးတွေမက ်တာ ဖြစ်တယ်"

"နောက်ဆိုရင် ဒီထက် ပိုဆိုးလာနိုင်တာပေါ့"

"ဟုတ်ကဲ့ ခု သခင်လေးက ဆေးကို တောင်းတတာကို ခံနိုင်ရည်ရှိနေတာက အားသာချက်ပဲ ဒါပေမဲ့ ခုခံနိုင်သေးပေမဲ့ နောက်အပတ်ထဲမှာတော့ ခံနိုင်ရည်ရှိဖို့က ခုထက်လက္ခဏာတွေ ပိုပြလာလိမ့်မယ် "

"အင်း"

"အဲ အဆင့့်တွေ ကျော်ဖြတ်နိုင်ရင်း သခင်လေး ဆေးလုံးဝပြတ်ပြီ   ဆက်ပြီး အားတင်းပါသခင်လေး အောင်မြင်ဖို့က သိပ်မဝေးတော့ပါဘူး"

ဆရာဝန်ရဲ့ အားပေးစကားကြောင့် သူအားတင်းလိုက်သည်။ပြီးတော့သူအား စောင့်နေမဲ့ သူမကြောင့်ရော သူအားတင်းမှ ရမည်။ထိုမဝေးတော့ အနာဂတ်မှာ သူမနဲ့အတူ သာယာစွာ နေထိုင်ဖို့ သူနာကျင်ရရင်တောင်မှ  သူသည်းခံရပါအုံးမည်။

စံလဲ  မောင်နဲ့ ဖုန်းအဆက်အသွယ် ကောင်းကောင်းရနေတာမို့  မောင်ကို မတွေ့ရပေမဲ့ မောင်အသံလေးကြားရလို့ စိတ်အေးရသည်။တစ်ခါတစ်လေ သူမဖုန်းဆက်လို့ မောင် ဆေးသောက်ပြီး အိပ်ပျော်နေချိန်တိုးရင်   မောင့်ဒေါက်တာကိုင်ကာ  မောင်အိပ်နေကြောင်းနဲ့ မောင်သက်သာကြောင်း ပြောပြလေ့ရှိသည်။ထိုအခါမှ မောင်ကျန်းမာရေး ကောင်းမကောင်းကို ဒေါက်တာကို သေချာမေးရသည်သာ မောင်ကတွေ့ခွင့်မပေးတာကြောင့့် မဟုတ်ရင်သူမ အပြေးလေးသွားတွေ့မိမှာပင်။မောင်ကျန်းမာအောင် ဘုရားတရားလုပ်ရင်း ဆုတောင်းပေးနေမိသည်။

တဖက် မှာတော့ မဟာတစ်ယောက် ဆေးဖြတ်ချိန်မှာ အခံစားရဆုံးလက္ခဏာတွေပြလာသည်။စိတ်တွေ ဆတ်ပြီး  ပစ္စည်းတွေ ရိုက်ခွဲပစ်တာ   တစ်ခါတစ်လေ ဆေးကို အငမ်းမရ သုံးချင်လာပြီး ကိုယ်ကိုကိုယ် နာကျင်အောင်လုပ်မိတက်တာကြောင့်  သူ့ရဲ့ သက်တော်စောင့်တွေက  ဆွဲရလွန်းလို့ သူတို့မှာလဲ ဒဏ်ရာဒဏ်ချက်တွေကြည့်ပဲ ပြည့်နေသည်။သူစိတ်ဖောက်လို့ သောင်းကျန်းချိန် သူမဖုန်းဆက်လာရင် ဒေါက်တာကိုသာ ပြောခိုင်းရသည်မဟုတ်ရင် သူနဲ့အဆက်အသွယ်မရလို့ သူမသူ့စီ သေချာပေါက်ရောက်လာလိမ်မည်သာ။တစ်ခါတစ်ခါ သူအတွေးတွေ လွန်ကာ ဘာမှ မလုပ်ချင်အောင် စိတ်ဓာတ်တွေကျလာသည်။အဲခါကျ သူမှာ လောကကြီးထဲက ထွက်ချင်စိတ်တောင် ဖြစ်လာသည်။ထိုအခါမျိုးဆိုရင် သူမနဲ့ ဖုန်းပြောလိုက်တာနဲ့ သူမှာ  စိတ်တွေ ပြန်လည်ကာ ကောင်းမွန်လာပြန်သည်။ညဘက်တွေဆို အိမ်မက်ဆိုးတွေမက်ပြီး  အမြဲ မောပန်းစွာ နိုးလာတာကြောင့် သူကောင်းကောင်း အိပ်မပျော်ပဲ သူမျက်ကွင်းတွေကျကာ ကိုယ်အလေးချိန်က သိသိသာသာ ကျဆင်းလာသည်။တစ်ခါတစ်လေ  သူအတွေးတွေလွန်ကာ သူမသာ သူကို ထားသွားမယ်ဆိုရင်ဆိုပြီး သူမအပေါ် သံသယတွေ ဖြစ်လာကာ ချက်ချင်း ဖုန်းဆက်ပြီး သူမအား သူအားချစ်လားဟုမေးကာ သူအားထားမသွားဖို့ ကတိတွေတောင်းမိသည့့်အထိ သူစိတ်တွေ  ဖောက်လာတက်သည်။ပါးပါးနဲ့ သူ့သူငယ်ချင်းတွေကတော့ သူ့အား အမြဲ လာကြည့်ကြသည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now