"ကျွန်​တော်တို့ အိမ်ငှားကြမလားဟင်"

"ဟင်.. Anton ဘာ​ပြောတာလဲ"

"ဪ.. လူဝီဗီးလ်မှာပဲ အိမ်သပ်သပ်ငှား​နေကြမလားလို့​လေ။ အမှန်အတိုင်း​ပြောရရင် ခင်ဗျားနဲ့ သူ​ဌေးမင်းအတူရှိ​နေသ၍ ကျွန်​တော်​ကြောက်​နေရမှာ"

Taehyung အားနာ​ပေမဲ့ ချက်ချင်းအ​ဖြေမ​ပေးနိုင်။ သည်အိမ်ကြီးထဲက​နေ အကြိမ်ကြိမ်ထွက်​​ပြေးဖူးပါလျက် အခုလိုအပြီးတိုင်ထွက်သွားဖို့ရာကျ သူ​နောက်တွန့်​နေမိသည်။ ချစ်သည်ဖြစ်​စေ မုန်းသည်ဖြစ်​စေ သည်အိမ်ကြီးထဲ သူကြီးပြင်းခဲ့ရသည်။ သည်စံအိမ်ထဲက ​လေကို ရှူရှိုက်ခဲ့ရသည်။
အမှတ်တရ​တွေက မလှ​သော်ငြား ​ဖျောက်ဖျက်လို့မရ။

အထူးသဖြင့် Jeon JungKook. သူ့ကို ကိုယ်ထားခဲ့နိုင်ပါ့မလား။ ကိုယ်ဘယ်​နေရာ​ရောက်​ရောက် ညတွင်းချင်းလိုက်ရှာတတ်သူ၊ ကိုယ့်​ကြောင့် ညမအိပ်ဘဲ ​နေနိုင်သူ။
ကိုယ့်ကို အလိုအပ်ဆုံးသူ။

မ​​နေ့ကတင် ဆရာ၀န်​ပြောတာ​တွေလည်း ကိုယ်ကြားခဲ့သား။ Jeon JungKookနှုတ်ဖျားက ဝန်ခံ​ပြောဆိုခြင်း မရှိသည့်တိုင် ကိုယ့်ကိုလိုအပ်​နေ​ကြောင်း ကိုယ်သိလို့​နေသည်။
ယတိပြတ်ထားသွားဖို့ရာ လွယ်ကူမ​နေပါ။ ချစ်ခြင်းမှာမှ သံ​ယောဇဥ်ရှိတာမဟုတ် အမုန်းတရားမှာလည်း သံ​ယောဇဥ်ရှိနိုင်ပါသည်။ အမုန်းတရားကတစ်ဆင့် စွဲလမ်းတတ်ပြီး မုန်းလျက်နှင့်ပင် ထိုလူကို တမ်းတနိုင်ပြန်ပါသည်။

"အဲ့လိုလုပ်လို့မရဘူးလားဟင်"

Antonက ညုတုတုအသံနဲ့ ​ပြောလာ​တော့ Taehyung အံ့ဩလို့သွားသည်။ ဒါက သူ့ပုံစံသူ့အကြိုက်ဟုတ်မ​နေပါ။

သည်အချိန်မှာ သူ့စိတ်အာရုံက ​ထွေပြားလျက်ရှိပြီး လူနာဖြစ်​နေသူ Antonကိုပင် အ​ကောင်းမြင်နိုင်ဖို့ ခဲယဥ်းပါ၏။

"ကိုယ်မင်းကိုနားလည်ပါတယ်။ အခု​တော့ ကိုယ့်မှာ အိမ်ငှားဖို့စရန်​ငွေ​တောင် မ​ပေးနိုင်​သေးဘူး"

"မဟုတ်ဘူး​လေ။ ​ငွေက အ​ရေးမကြီးပါဘူး။ ကျွန်​တော့်မှာ အ​တော်အသင့်ရှိပြီးသားပါ။ အဓိကက Taehyung သူ​ဌေးမင်းအနားက ထွက်လာဖို့ပဲ"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now