Lovely little Wifey Part-6

Start from the beginning
                                    

"ဟုတ် သိပါပီ...ရောက်ရင်လဲ ဖုန်းဆက်အုံးနော် ကြီးမြ"

ငယ်ရဲ့ ဘဝထဲက ငယ့်ကို ဂရုစိုက်ပီး ချစ်ပေးတဲ့သူတစ်ယောက် ထွက်သွားပြန်ပီပေါ့...ငယ် တီတီ့ကို မမုန်းပါဘူး...သံယောဇဉ်နဲ့ အချစ် မထားနိုင်တာ‌ေလာက်ပါပဲ ကြီးမြ...

"ငယ်လေး...လာ ရေချိုးသန့်စင်ပီး ညစာစားရအောင်နော်..."
အိမ်ရှေ့မှာတင် ရပ်ပီး ငိုနေတဲ့ ငယ်ငယ့်ကို ဒေါ်ဒေါ်က ချော့ပီး အိမ်ထဲ ခေါ်လာခဲ့တယ်...
ငယ်ငယ်လဲ ဒေါ်ဒေါ်နဲ့ ထမင်းစားပီး စကားတေ အများရီး ပြောဖြစ်တာမို့ စိတ်ကြည်သွားသည်...
10နာရီ ထိုးပီ...ဒေါ်ဒေါ်လဲ ပြန်သွားပီ...အိမ်ကြီးထဲ ငယ်ငယ်တစ်ယောက်ထဲကျန်ခဲ့တယ်...ပျင်းတာနဲ့ဧည့်ခန်းမှာ tv ထိုင်ကြည့်နေလိုက်တယ်...ကြည့်ရင်း အိပ်ပျော်သွားတဲ့ ငယ်ငယ် အိမ်ရှေ့မှာ ကားရပ်သံ ကြားတာမို့ နိုးလာသည်...နာရီကြည့်လိုက်တော့ 12တောင် ကျော်‌နေပီ...

အိမ်ကကားတော့ မဟုတ်ဘူး...ကားထဲမှ ဦးထွက်လာသည်...driver seat ဘက်ကနေ အမျိုးသမီးတစ်ဦးလဲ အတူတူထွက်လာတယ်...ကြည့်ရတာ ဦးနဲ့ ရွယ်တူလောက်ပဲ...နှုတ်ခမ်းမှာ နီရဲနေအောင် ဆိုးထားပီး မျက်တောင်များမှာ ကော့ညွတ်သွယ်တန်းနေသည်...တော်တော်လေး ဗိုလ်ဆန်တဲ့ မျက်နှာမျိုးပင်...ခန္ဓာကိုယ် အချိုးအစားမှာ သွယ်လှပီး body fixဂါဝန်အနက် ကို ဝတ်ထားတာမို့ ပိုပေါ်လွင်သည်...

"ငယ်…မအိပ်သေးဘူးလား"
အရှေ့ပေါက် တည့်တည့်မှာ ပိတ်ရပ်ထားတဲ့ ငယ်ငယ့်ကို ဦးလှမ်းမေးလိုက်တယ်...စကားတေကလဲ အာလေးလျှာလေး ပြောနေတာမို့ မပီ...အရက်နံ့များလဲ စူးရှနေတာမို့ သောက်လာတာမှန်း သိလိုက်သည်...

"ခန့်မင်း ရရဲ့လ့ အခန်းထဲ လိုက်ပို့ပေးရအုံးမလား...ဘသူမှ မရှိဘူး ထင်တယ်"
|သူ့ရှေ့ တည့်တည့် လူတစ်ယောက်လုံး ရပ်နေတာတောင် ဘသူမှ မရှိဘူးလားဆိုတော့...ငါက ဘာလဲ...သရဲလား| ငယ်ငယ် ထိုအမျိုးသမီးကို စိုက်ကြည့်ရင်း တွေးနေလေရဲ့...

သူစကားပြောပုံကြောင့် တော်တော်လေး ရင်းနှီးကြသည် ထင်၏။

"ရတယ်...ငယ်ရှိတယ်...ငယ့်ကို တွဲလိုက်မယ်...ရတယ်မလ့ ငယ်လေး...ပြွတ်စ်"
ပြောရင်း ငယ်ငယ့်ပေါ်ကို မှီလိုက်ပီး ပါးလေးကို တစ်ချက်နမ်းလိုက်သည်...

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now