''ကိုယ်မေးနေတာမကြားဘူးလား ကောင်လေး''

''ဟို...သား...''

''ကျောင်းပြေးဖို့အတွက်ဆိုရင် ဘာလို့ မိဘတွေကို
ပိုက်ဆံအကုန်ခံခိုင်းပြီး ကျောင်းထားခိုင်းနေသေးတာလဲ
ကျောင်းထွက်လိုက်ပါလားကွ''

ကောင်းခန့်အလိုမကျစွာ မျက်ခုံးတို့ကို တွန့်ချိုးထားပြီးပြောလိုက်၏။ ကိုယ်နှင့်မဆိုင်ဘူးဟူ၍တော့ မျက်နှာမလွှဲပစ်ရက်ခဲ့။အနည်းဆုံးတော့ နားလည်အောင်ဆုံးမသင့်သည်မဟုတ်လား။ ကောင်းကောင်းဆူပြီးမှ နားဝင်အောင်ပြောမည်ဟုတွေးထားသော်လည်း ကောင်းခန့် မျက်ရည်ဝဲသွားစေသည်အထိ စိတ်မကောင်းဖြစ်ခဲ့စေသော ထိုကောင်လေး၏ စကားတခွန်းက....

''သားမှာ မိဘ မရှိပါဘူး...သားက မိဘမဲ့ပါ''

ခေါင်းလေးငုံ့ကာ အသံတိုးတိုးလေးဖြင့် ပြောလာသည့်
ထိုကောင်လေးဟာ အလွန်ပင် ဝမ်းနည်းသွားဟန်။

''တောင်းပန်ပါတယ်...ကိုယ်မသိလို့ပါ''

''ရပါတယ် ဦး''

''မင်းဘယ်နှတန်းရောက်ပြီလဲ''

''၇တန်းပါ ဦး''

''အသက်ကရော''

''၁၂နှစ်ပါ''

''ငယ်ငယ်လေးရှိသေးတာကို လူမိုက်ဖြစ်ချင်နေတာလား''

''အဲ့လို မဟုတ်ပါဘူး သူတို့က သားကို အရင်ရန်လာစလို့ပါ''

''မင်း ကိုယ့်စိတ်ကိုယ်တောင် မထိန်းချုပ်နိုင်ဘူးလား''

''သူတို့က သားကို အမေ အဖေမရှိတဲ့ မိဘမဲ့ကောင်ဆိုပြီး
လာပြောလို့ပါ''

ထိုကောင်လေး၏ ဖြေရှင်းချက်ကြောင့် ကောင်းခန့်လည်း
ထပ်မမေးရက်ခဲ့တော့။

''ကဲ ထားပါ...နောက်ဆိုရင်တော့ ရန်မဖြစ်နဲ့
ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးထိန်း....လူမိုက်တွေကို
တုပြီး လိုက်မမိုက်မိစေနဲ့
ကိုယ်ပြောတာ နားလည်လား''

''ဟုတ်ကဲ့ပါ ဦး''

ကောင်းခန့်အား ပြုံးပြလာသည့်ထိုကောင်လေး၏ မျက်နှာလေးဟာ အေးချမ်းကာ အပြစ်ကင်းလှ၏။ ၁၂နှစ်ဆိုသော်လည်း ထိုကောင်လေး၏ ခန္တာကိုယ်ဟာ သာမန်ကလေးတွေထက် အနည်းငယ် ညှက်၏။

''အချစ်ဟုခေါ်သည်''Where stories live. Discover now