"ဟင် လာနေပြီ "

ကြည့်နေရင်း သူပုန်းနေတဲ့လမ်းကြားထဲကို
ဝင်လာတာမို့ ရှောင်းကျန့်ကြောက်ပြီးဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ။ ကိုယ်က အတိတ်မေ့နေတယ်ဆိုတော့ ကိုယ်နဲ့ရန်ညှိုးရန်စ ရှိတဲ့သူများလား။ ဘာဘဲဖြစ်ဖြစ် ကိုယ့်အသက်ကိုယ်တော့ ကာကွယ်ရမှာမို့ ဘေးဘီကိုတစ်ချက်ကြည့်လိုက်တယ်။

ထို့နောက် ချုံဘေးကတုတ်ချောင်းတစ်ချောင်းကို
ကောက်ပြီး အသက်ကယ်အနေနဲ့ ဆောင်ထားလိုက်တယ်။
ဘာဘဲဖြစ်လာလာ ရိုက်ပြီးအရင်ပြေးရမှာဘဲ။
ဇာတ်ကားတွေထဲကလို သူချကိုယ်ချ ချရအောင်လည်း
ကိုယ့်ပုံစံကရန်ဖြစ်တက်မဲ့ပုံစံမပေါက် ဒါကြောင့်ချုံခိုပြီး
တိုက်ခိုက်မှရမည်။

"ကျစ်! ဘယ်ရောက်သွားပါလိမ့် "

လူဆိုးကြီးက သူ့ကိုမတွေ့လို့ ဒေါသထွက်နေသည်ထင်
ကျစ်တစ်ချက်ဆုတ်ရင်း သူရှိရာလမ်းဆီလာနေတယ်။
ဒါပေမဲ့ သူ့ကိုမြင်ပုံတော့မပေါ်။

"ဂွတ်!"

"အ့! "

"ဒီမှာလူကို အတင်းလိုက်သတ်နေလို့ကယ်ကြပါဉီးဗျို့ "

"ဂွတ်! ဂွတ်! ဂွတ်! "

"အ့! အ့! သေပါပြီ "

ရှောင်းကျန့် ပါးစပ်ကလည်းအော်ရင်း လူဆိုးကြီးရဲ့
ခေါင်းကို တုတ်နဲ့တရပ်စပ်ရိုက်နေတယ်။

"အ့! ဘာလုပ်တာလဲ လွှတ် ကယ်ပါကြပါဉီးဗျို့ "

ဒီတစ်ခါအော်ရတာတော့ ရှောင်းကျန့်ကိုယ်တိုင်ပါ။
လူဆိုးကြီးကတုတ်ကိုလက်နဲ့ပြန်ဖမ်းပြီး
လွှတ်ပစ်လိုက်သည့်အပြင် လူကိုပါပြေးဖမ်းတာမို့
ရှောင်းကျန့်ရုန်းရင်းအော်နေသည်။

"အွန်း..အွန်း "

"မအော်နဲ့လေကွာ မောင်လေ "

အတင်းအော်နေတဲ့တစ်ယောက်ရဲ့ ပါးစပ်လေးကို
လက်နဲ့ပိတ်ပြီး လှုတ်မရအောင်သိုင်းချုပ်ထားလိုက်သည်။
ဒါတောင် သူ့လက်ကိုအတင်းကိုက်ပြီး
ပြေးဖို့ပြင်နေတယ်။

"ယောကျ်ားကိုတောင် ရိုက်ရဲနေပြီဆိုတော့
ခင်များလေး အတော်ဆိုးလာတာဘဲ "

My very bad husband  belong to meWhere stories live. Discover now