Lovely little Wifey PART-3

Start from the beginning
                                    

"ဘာလို့လဲ အိမ်ထဲနေရတာကမှ အေးအေးချမ်းချမ်း ရှိသေးတယ်…အပြင်ထွက်ရင် ပူကပူသေး…ပီး sundayဆိုတော့ လူရှုတ်မှာ မကြိုက်ပါဘူး"

ငယ်ငယ်က အနေအေးသူရယ်လဲ မဟုတ်ပါဘူး…ဒီတိုင်း လူရှုတ်တာ လူအုပ်ကြားထဲ နေရင် စိတ်ကျဉ်းကျပ်တတ်တာမို့လေ…

"နင်ကလဲ sunday‌တစ်ရက်အားလို့ အပြင်ထွက်ရမှာကို…" ချယ်သာ ပြောလိုက်သည်မို့ ဝသုန်လဲ ထောက်ခံတော့သည်…

"အေးလေဟယ်…နင့်ကို ကြားရက်တွေခေါ်လဲ လိုက်ချင်တာ မဟုတ်ဘူး…အဲ့တော့ သွားမှာပဲ နင်လိုက်ကို လိုက်ခဲ့ရမယ်…"

"နင်တို့ ဘာသာသွား ငါကတော့ လုံးဝ မလိုက်ဘူးပဲ"

"ငယ်သွေး နင်ကလဲဟာ မညစ်စမ်းနဲ့"

"မညစ်ပါဘူး ခုနကမှ ရေချိုးထားတာ ဟွန့်"

"ငယ်ငယ်ရေ…ငယ်ငယ် ဧည့်သည်ရောက်နေတယ်…ခနထွက်ခဲ့ပါအုံး"

ငယ်ငယ်တို့ ငြင်းခုန်နေကြတုန်း ကြီးမြကလှမ်းခေါ်လိုက်သည်…

"ဟုတ်.ဟုတ် ကြီးမြ လာပီ" |ဘယ်သူပါလိမ့်…ငါ့မှာ နောက်ထပ် အသိလဲ မရှိပါဘူး…|

ငယ်ငယ်ထွက်ကြည့်လိုက်တော့

"ဦး!!"

ခန့်မင်းထည် မျက်ခုံးတစ်ချက် ပင့်ပြသည်…။

"ငယ်ငယ့် အကြွေးရှင်ဆို…ငယ်ငယ် ဘာတွေ လုပ်ထားလဲ"

"ဟန် ဘယ်အကြွေးရှင်လဲ…မဟုတ်ကဟုတ်ကတွေ"

"အ့လို အကြွေးရှင်မဟုတ်ပါဘူး ကြီးကြီးရဲ့"

ခန့်မင်းထည် ပြောလိုက်မှ ကြီးမြ နားမလည်ဖြစ်သွားသည်…

"ငယ်ငယ် အက်စီးဒင့် ဖြစ်တုန်းက ကျတော့ကားလျော်ကြေး သူမပေးရသေးတာ…"

ငယ်ငယ့်ကို စိုက်ကြည့်ပီး ပြောနေတာကြောင့် ငယ်ငယ် ရှက်အမ်းအမ်း ဖြစ်နေသည်…
|အ့နေ့က သူပဲ လျော်ကြေးပြန်ယူတာဆိုပီး ယူသွားပီးတော့…|ငယ်ငယ် ခေါင်းလေးစိုက်ကာ တွေးနေသည်…ဝသုန်နဲ့ ချယ်သာတို့ကတော့ အခန်းထဲ့မှ ခေါင်းလေးတွေပြူထွက်ကာ ကြည့်နေကြသည်…

"အဲ့လျော်ကြေး လာတောင်းတာ…
ငယ်သွေးသျှန်…"

သူ့နာမည်ကို အသံနိမ့်နိမ့်နဲ့ လေသံလေးရောထည့်ပီး ခေါ်လိုက်တာမို့ ငယ်ငယ့်ရင်ထဲ လှိုက်သွားသည်…

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now