ဒါကြောင့် ချန်းယောလ်ဟာ ဘယ်လိုအရာကိုမှ ထပ်ပြီးမဖုံးကွယ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအရါဟာ နာကျင်စရာဖြစ်ဖြစ် ပျော်ရွှင်စရာဖြစ်ဖြစ်။

ဒါပေမယ့်လည်း ဘယ်လိုနာကျင်စရာပဲဖြစ်ဖြစ် မင်းကတော့ မင်းကိုမင်းအနာတရဖြစ်စေလို့မဖြစ်။ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို မင်းကြောင့်ပါဆိုတာမျိုး နာကျင်သွားစေလို့တော့ မရစေရ။

ဒီတစ်ခါ အအေးကြောက်တဲ့ အမျိုးသားလေးကို ဘယ်သောအခါမှ မအေးစေရတော့အောင် အနွေးဓာတ်တွေကိုဖြန့်ကျက်ပေးတော့မလို့။
ဒီတစ်ခါ ဆုပ်ကိုင်ထားတဲ့ လက်ဖျားသွယ်တွေကို ထပ်မံ လက်မလွှတ်တော့ဖို့။
ချန်းယောလ်ဟာ သေချာမှုအပေါင်း သရဖူဆောင်းလို့။

ကားဆီပြန်ရောက်တဲ့အထိ အိပ်မောကျနေတဲ့ အမျိုးသားလေးဟာ ဘယ်အချိန်တွေထဲက အိပ်ရေးပျက်ခဲ့သလဲ ချန်းယောလ်မသိပေ။ လွန်ခဲ့တဲ့ နှစ်တွေမှာလဲ ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လားဆိုတဲ့မေးခွန်းကို နောက်များမှ သေချာလေးမေးရပါဉီးမယ်။

စောင်းအိပ်နေလို့ လုံးလုံးလေးထွက်နေတဲ့ ပါးဖောင်းကလေးထဲကို ချန်းယောလ်လက်ကလေးထိုးထည့်ကြည့်ချင်စိတ်ဟာ မတားနိုင်မဆီးနိုင်ခင်မှာပဲ ပြုလုပ်မိပြီးသွားတယ်။ လေဒဏ်ကြောင့် အနည်းငယ်ကွဲအက်နေတဲ့ ပါးပြင်လေးဟာ အရင်လိုအိစက်နေဆဲပဲ။
နူးအိနေတဲ့ ပါးပြင်လေး လှုပ်လီလှုပ်လဲ့ ဟစိဟစိလေးဖြစ်လာမှ ချန်းယောလ်လက်ကို ပါးပြင်ဆီက ပြန်ရုတ်ဖို့ သတိဝင်လာတယ်။
မှေးအစ်နေတဲ့ မျက်ဝန်းလေးတွေ ပွတ်သပ်လို့ နိုးထလာတဲ့ အသက်၃၀အရွယ် အမျိုးသားတစ်ယောက်ဟာ ဘာကြောင့်များဒီလေါက်အထိ ချစ်မြတ်နိုးဖွယ် အတိဖြစ်နေရပါသလဲ။
အသက် ၃၀ အရွယ် ယောကျာ်းသားတစ်ယောက်ဟာ ဘာလို့များ ဒီလေါက်အထိ နုနယ်ပျိုမျစ်နိုင်ရပါသလဲ။

"ချန်းးးးး..."

အိပ်မှုံစုံဝါးနဲ့ ချန်းယောလ်နာမကို ရေရွတ်လာတာကို ကြားလိုက်ရတာဟာ ကမ္ဘာလောကရဲ့ အချိုမြိန်ဆုံး တေးသံသာ တစ်ပုဒ်ထက်ကို ပိုပါတယ်။ မျက်စိနှစ်လုံးဖွင့်လိုက်တိုင်း အဲ့ဒီမျက်ဝန်းအစ်အစ်လေးတွေထဲက မျက်ဆံညိုတွေမှာ အရိပ်ပေါ်တဲ့သူဟာ ချန်းယောလ်ပဲဖြစ်ချင်တယ်။ ဘယ်လောက်ထိ အတ္တကြီးချင်လဲဆိုရင် ဒီအမျိုးသားလေးကို သူတစ်ယောက်တည်းသာ အပိုင်ရချင်ပါတယ်။

MINE(Completed)Where stories live. Discover now