"ဟျောင့် ဟောက်ရွှမ်း ရှောင်းကျန့်ကိုတွေ့မိသေးလား "

သွားရင်းဇယ်ခုံနားရောက်တော့ ဇယ်တောက်နေတဲ့
ဟောက်ရွှမ်းကိုမေးလိုက်သည်။ စိတ်ပူလွန်ပြီး
လက်ဖျားခြေးဖျာတွေအေးစက်လာတာတောင်သတိမထားမိ။

"ဟေ့အေ မတွေ့ဘူးလေ ဘာလဲ ရှာင်းကျန့်ပျောက်နေလို့လား"

"အေးကွာ လုပ်ကြပါဉီး ရှောင်းကျန့်က
ဘယ်မှလည်းဝေးဝေးလံလံသွားဖူးတာမဟုတ်ဘူးကွ
တခုခုများဖြစ်နေလားမသိဘူးကွာ "

စိတ်ပူလွန်ပြီး ငိုသံပေါက်နေတဲ့ အသံကြီးကြောင့်
ဟောက်ရွှမ်းအပါအဝင် ဇယ်ခုံကကောင်တွေပါ
တအံ့တသြ။ ရိပေါ်ရဲ့ ဒီလိုပြိုလဲပြီး ဖရိုဖရဲဖြစ်နေတဲ့ပုံစံကို
မြင်ရတာ သူတို့ဘယ်လိုမှအသားမကျပေ။

"ဟာ ဟုတ်လား အဆိုငါတို့ပါ ကူရှာပေးမယ်လေ "

ဇယ်တောက်နေတဲ့ကောင်တွေအပြင် ဉီးလုံကပါ
ကူရှာပေးလာကြသည်။ ရိပေါ်ကတော့
ရင်တွေပူပြီး အရူးတစ်ယောက်လို စိတ်နဲ့လူနဲ့မကပ်။

ရှောင်းကျန့်သွားတက်တဲ့ လမ်းတွေနဲ့နေရာတွေမပါကျန်
လိုက်အော်ခေါ်ရင်းရှာပေမဲ့ အရိပ်ယောင်တောင်မမြင်ရပါ။

"ရှောင်းကျန်! ခင်များဘယ်မှာလဲဗျာ
ကျွန်တော့်အသံကြားရင်ပြန်ထူးပါဉီး "

ခေါ်နေရင်းသူ့အသံတွေသာတုန်လာသည်
ပြန်ထူးသံကို မကြားရသည်မို့
အေးစက်နေတဲ့ ညလည်ခင်းကြီးမှ ချွေးစေးတွေပျံလာ၏။

အပြင်မှာဘယ်လောက်ဘဲအေးနေပါစေ
ရင်ထဲကအပူမီးကို မအေးချမ်းစေဘူးဘဲ။

တစ်ရက်ကွက်လုံးအပြင် တော့ပိုကီဆိုင်၊ရုပ်ရှင်ရုံနဲ့
ဆိုင်ကယ်ပြင်ဆိုင်ထိပါ ရှောင်းကျန့်နာမည်ကို
အကျယ်ကြီးအော်ခေါ်ရင်းသူရှာနေတယ်။
အရူးလို့အော်ရင်းငိုနေတဲ့သူ့ကို လမ်းသွားလမ်းလာတွေက
ထူးဆန်းသလို ကြည့်ကြည့်သွားကြသည်။

"ရှောင်းကျန့်! "

ရှာနေရင်း ရှောင်းကျန့်နဲ့တူတဲ့ကောင်လေးကို
မြင်လို့အပြေးလိုက်ပြီးဆွဲလိုက်ပေမဲ့ ရှောင်းကျန့်မဟုတ်ပေ။
သူ့ကိုအရူးလိုသာအကြည့်ခံလိုက်ရသည်။

My very bad husband  belong to meWhere stories live. Discover now