"မင်းကို ​နောက်တစ်ခါ အခုလို မဖြစ်​စေရပါဘူး"

"ကျွန်​တော်ဘာမှမဖြစ်ပါဘူး Taehyungရဲ့"

"မင်း​သေ​တော့မလို ဖြစ်ခဲ့တာ​လေ။ ငါဘယ်လို လက်ခံနိုင်ပါ့မလဲ!"

အသံက ဖြစ်သင့်သည်ထက် မြင့်သွားသည်။ Anton​တောင် မျက်လုံးပြူးပြီး ရင်ဘတ်ကို လက်ဖြင့် ဖိမိသည်အထိ။
သူဘာလို့ အခု​လောက်ထိ စိတ်မရှည်ဖြစ်​နေရပါသလဲ။ Jeon JungKook လုပ်သမျှအပြုအမူတိုင်းကို မုန်းတီးမိ​နေတာကလွဲလို့ သူဘာမှမခံစားမိ၊ မ​တွေးမိ။

"စိတ်​လျှော့ပါ Taehyung.. ကျွန်​တော် တကယ်အဆင်​ပြေပါတယ်။ ​နောက်အဲ့ဒီအိမ်ကို မလာ​တော့ရင် ရမှာပါ"

"မရဘူး..။ Jeon JungKookလို လူမျိုးက သွက်သွက်ခါ​​အောင် ရူး​နေတဲ့လူ။ သူစိတ်ရူး​ပေါက်တိုင်း မင်းအသက်ကို ရန်ရှာနိုင်တယ်။ မင်းသိရဲ့လား"

"ဒါ​ပေမဲ့ ကျွန်​တော်ကအခု​​မော်စကိုမှာ​လေ"

"​နေရာတိုင်း သူ့လူ​တွေမရှိဘူးလို့ ထင်လို့လား။ ငါ မင်းကို ကာကွယ်မှဖြစ်မယ်။ ငါ့ကို လက်ထပ်လိုက် Anton"

မြန်ဆန်​လွန်း​သော ဆုံးဖြတ်ချက်တစ်ခု ဒါမှမဟုတ် ဆုံးဖြတ်သည့်အဆင့်ကို ​ကျော်ပြီး နှုတ်မှ​ပြောထွက်မိတာ။ မသိစိတ်က အ​တွေးကို စကားလုံး​တွေအဖြစ် ချပြမိတာမျိုး။ တကယ်တမ်း ထိုစကားအတွက် သူဘာမှ ​ရေ​ရေရာရာ စီစဥ်ထားခြင်းမရှိ​ချေ။

"Taehyung.. ကျွန်​တော့်ကို လာ​နောက်​နေတာလား"

"ကိုယ်မ​နောက်ပါဘူး။ မင်းကို လက်ထပ်ဖို့က ကိုယ့်​ဆန္ဒပါပဲ။ ကိုယ်ဘာလို့ လက်ထပ်ပွဲက​နေ ထွက်​ပြေးလာသလဲဆို မင်းကို ​တွေးမိသွားလို့​လေ"

'ကိုယ်'ဟု ​ပြောင်းလဲသုံးနှုန်းလိုက်​တော့ Antonအ​ပေါ် အရှိန်အဝါတစ်ခုရှိသွားသလို ခံစားမိသည်။ Antonက သူ့ကို နားမလည်နိုင်သလို ဆွံ့အလျက်ကြည့်​နေဆဲ။

ဟုတ်တယ်.. သူAntonကို လက်ထပ်ရမယ်။ အနည်းဆုံး​တော့ Jeon JungKook​ရှေ့မှာ လက်ထပ်ပြဦးမည်။ သူသတ်ဖို့ကြိုးစားဖူးတဲ့လူကို ကိုယ်ဘယ်​​လောက်ထိ တန်ဖိုးထားမြတ်နိုးတယ်ဆိုတာ ပြချင်လွန်းအားကြီး​နေလို့။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now