"သူ​ဌေးမင်းJeonနဲ့ ​နေရာတာ ခင်ဗျားမ​ကြောက်ဘူးလား။ ကျွန်​​​တော်တို့ အသက်ကိုဖက်နဲ့ ထုပ်ထားရတဲ့အထိကို ​ကြောက်သွားတာ"

"ဘယ်လိုဖြစ်လို့လဲ"

"အသွားမ​တော်တစ်လှမ်းလို့ပဲဆိုရမှာ​ပေါ့ဗျာ။ ကျွန်​တော် သူ့ကို စိတ္တဇလို့​တောင် ထင်သွားတာ"

Antonက ဇာတ်လမ်းတစ်ပုဒ်​ပြောပြ​နေသလို တည်တည်ငြိမ်ငြိမ်နဲ့ ​ပေါ့​ပေါ့ပါးပါးသာ ​ပြောလျက်ရှိသည်။ သို့​သော် Taehyungက​တော့ မျက်​မှောင်ကြုတ်လျက် Jeon JungKookကို မသင်္ကာစိတ်​တွေ အလုံးအရင်းလိုက် ဝင်​ရောက်နှင့်ပြီးသား။

"ဘာ..ဘာဖြစ်တာလဲ"

"ဪ.. ကျွန်​တော့်ကို ​သေနတ်နဲ့ပစ်သတ်မလို့ နည်းနည်းပဲလိုတယ်။ ပြီး​တော့ ​​သေနတ်မပစ်ဘဲ လည်ပင်းညစ်တာ.. အသက်​တောင် ထွက်​တော့မလားလို့ ထင်ရတယ်ဗျာ။ ​​တော်​သေးတာ​ပေါ့.. သူ့တပည့်​လေး အချိန်မီ​​ရောက်လာလို့"

"Anton.. ဒါ​တွေက မင်းဘယ်လို​​တောင် ​ပေါ့​ပေါ့ပါးပါး​ပြောနိုင်ရတာလဲ။ Jeon JungKookက မင်းကို သတ်ဖို့ကြိုးစားခဲ့တာ​လေ"

Jeon JungKookက Antonကို သတ်မလို့တဲ့လား။ ဒါ​တောင် ခုနက သူAntonအ​ကြောင်း​ပြော​တော့ ဘာမှမဖြစ်သလိုပုံစံနှင့် လိုက်ပို့​သေးတာ။ ဟန်​​ဆောင်​ကောင်းလိုက်တာ၊ သူ့ကိုယ်သူ ​ခြောက်ပစ်ကင်း သဲလဲစင်သူကြီးလို ပီပီပြင်ပြင်သရုပ်​ဆောင်လိုက်ပုံများ။

ထိုသို့ဖြစ်လာ​လေ သူAntonကို ကာကွယ်​ပေးချင်မိ​လေ။ ကိုယ်တိုင်​တောင်မလွတ်​မြောက်နိုင်တဲ့လူက Antonလို အမြဲတက်ကြွအားအင်ပြည့်​နေသူကို ကာကွယ်​ပေးချင်တယ်တဲ့လား။

"ငါကပဲ သူ့အစား ​တောင်းပန်ပါတယ်"

"ခင်ဗျားအမှားမှမဟုတ်တာ။ သူကလည်း စိတ္တဇတစ်​ယောက်သက်သက်ပဲ​လေ။ ​ဆေး​တောင် ​သောက်​နေရတဲ့လူပဲဟာ.."

"​ဆေး.. ဘာ​ဆေးကို ​​ပြောတာလဲ"

"ကျွန်​တော်လည်း အတိအကျ​​တော့ မသိဘူး။ သူ့တပည့်က ​​ဆေးလာတိုက်တာပဲ မြင်လိုက်တာ"

ကိုယ့်ကိစ္စမဟုတ်​ပေမဲ့ ဘာ​ဆေး​တွေလဲ Taehyung တကယ်သိချင်သွားသည်။ ဟင့်အင်း.. သိရမှ ဖြစ်မည်။ Jeon JungKook၏ အားနည်းချက်ဖြစ်လာနိုင်သည့် အရာရာတိုင်းကို စုံစမ်းရမှ ဖြစ်လိမ့်မည်။
သူလွတ်​မြောက်နိုင်ဖို့ အခွင့်အ​​ရေးတစ်ခု ဖြစ်သွားနိုင်တာပဲ မဟုတ်လား။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Unde poveștirile trăiesc. Descoperă acum