"သတိထားပါဦး သူ​ဌေးမင်း။ ကျွန်​တော် ​ဆေးယူ​ပေးမယ်"

​​ရောင်စုံ​ဆေးလုံး​တွေက အမြင်လှ​သ​လောက် အရသာခါးသည်။ ​ရေနဲ့​မျှောချလိုက်ပြီး​နောက် အသက်ရှူမမှန်မှန်​​အောင် ထိန်းညှိ​နေရလျက်။
ထိုအချိန်မှ သူ့စိတ်က ငြိမ်သက်စပြုလာ၏။

"မင်းသွား​တော့.. ငါ​​နောက်တစ်ကြိမ် သတ်ချင်စိတ်မ​ပေါက်လာခင်"

Antonက ဖ​နောင့်နှင့်တင်ပါးတစ်သားတည်းကျ​​အောင် ​​ပြေး​တော့သည်။ ​နောက်တစ်ခါများ သည်အိမ်ကို တစ်​ယောက်တည်း​​ယောင်လို့ပင် ​ခြေဦးလှည့်မှာ မဟုတ်​တော့။
ပထမတစ်ခါမှာ ကံ​ကောင်းလို့ အသက်​ဘေးက လွတ်တယ်ဆို​သော်လည်း ​နောက်တစ်ခါမှာ​တော့ လွတ်ချင်​မှ လွတ်​တော့မည်။

သူ​ဌေးမင်းJeonက ပုံမှန်လူနဲ့ နည်းနည်းမှမတူတာပဲ။

သူ​သောက်​နေတဲ့ ​ဆေး​တွေက​ရော.. ဘာ​တွေလဲ။

"အဆင်​ပြေရဲ့လား သူ​ဌေးမင်း"

"​ပြေတယ်။ ငါ့ကို ​ရေ​နောက်တစ်ခွက်​လောက်ယူ​လာ​ပေး Audie"

Audieက သက်​တော်​စောင့်များ အနက်မှ သူ့အနား အ​နေအများဆုံး သက်​တော်​စောင့်။ ​သေနတ်လက်​ဖြောင့်သမားတစ်ဦးဖြစ်ပြီး ကိုယ်ခံပညာအဆင့်မြင့်လွန်းလို့ ငယ်ငယ်ရွယ်ရွယ်နှင့် အနီးကပ်သက်​တော်​စောင့်ဖြစ်လာခြင်း။
Audieက Taehyungထက်​တောင် တစ်နှစ်​ကျော်ခန့် ငယ်​သေးသည်။

"သူ​ဌေးမင်း အဲ့သည်​ဆေး​တွေ ဆက်တိုက်​သောက်​နေရတာ ​ကောင်းတဲ့အ​ခြေအ​နေမဟုတ်ဘူးလို့ ဆရာဝန်က ​ပြောတယ်"

"ငါသိသားပဲ"

"​ဆေး​တွေက ​ဘေးထွက်ဆိုးကျိုးများလွန်းပြီး ​ဆေးမတိုးတာမျိုးဖြစ်တတ်တယ်တဲ့"

"ငါသိတယ်လို့ ​ပြောပြီးပြီ​လေ"

Audieစိတ်ပူတာကို နားလည်​ပေမဲ့ သူဘာတတ်နိုင်မှာလဲ။ သည်​ဆေး​တွေမှ မ​သောက်ရင် အရူးလုံးလုံးဖြစ်သွားနိုင်တာကို သည်အတိုင်းထိုင်​စောင့်​နေရမှာလား။
နဂိုက​တောင် Taehyung​လေးက သူ့ကို မုန်း​နေရှာတာ။ သူသာ ရူးသွားရင် သူ့ဆီပြန်လာ​တော့မှာ မဟုတ်ဘူး​လေ။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now