''အေးလေဟယ်   ငါတို့ကလဲ  အပျိုကြီး တစ်သက်လုံး မလုပ်ပါဘူးနော် နောက်ဆုံးကိုကြီးမှ မရင် မောင်လေးဘက်လှည့်ပြီး ယူမှာ"

"အမလေး မရ ရတာဆွဲယူမယ့်သူကြီးတွေပေါ့ နင်တို့က  နင်တို့ကို ယူမယ့့်သူအစား ငါတောင် ကြောက်တယ် "

"ဟား   ဟား "

သုံးယောက်သား အားရပါးရရယ်ချလိုက်သည်။

"ဟဲ့  နင်တို့ကလဲ တိုးတိုးရယ်ပါဟယ် အဲလိုရယ်သံကြောင့် ဘဲမရတာ သိလား"

စံက ထပ်စလိုက်တာကို မနာနိုင်ပဲ   ခုနအသံထက်တောင်ထက်ကျယ်ပြီး ရယ်လိုက်သေးသည်။

"ဟား ဟား"

"ဟုတ်ပ ငါတို့အသံကလဲဟယ်''

သူငယ်ချင်း ၃ယောက် အတူတူ စကားပြောကြပြီး  ညကတည်းက စိတ်လှုပ်ရှားလို့ မောင်နဲ့ ဖုန်းပြောရင် မိုးလင်းသွားတာ​ရယ်မောင်အိမ်မှာ ထမင်းစားပြီး ဗိုက်ကလဲတင်းကာ အိပ်ချင်နေတာမို့ အဝတ်အစားလဲပြီး အိပ်လိုက်သည်။

မဟာလဲ သူထင်ထားသလို အဘွားကမကန့်ကွက်ပဲ သူမနဲ့ကိစ္စကို ကြည်ဖြူကာ သဘောတူတာကြောင့် စိတ်ချကာ ညဘက် သူ bar ထိုင်ဖို့ အလှည့်ကျတာမို့ သူမကို လိုက်ပို့ပြီး အိပ်လိုက်သည်။

ထိပ်ထား တစ်ယောက် အဘွား အခန်းထဲ ဝင်လာခဲ့သည်။မနက်က သူမတို့ မြေးအဘွား ကိုယ်မနှှစ်မျို့တဲ့ မိန်းမနဲ့ စကားချိုသာစွာ ပြောခဲ့ရပြီး ထမင်းပါစားလိုက်ရသည် မလား။ဘွားအခန်းထဲ ရောက်တော့ အဘွားက

"မြေးထိပ်ထား ကိစ္စရှိလို့လား''

"ဟုတ်  မဟာကိစ္စ ဆက်ပြီး ဘွား ဘာလုပ်မလဲ သိချင်လို့ပါ ဘွား"

"အော် အဲကိစ္စလား မပူနဲ့တော့ မြေး   ဟို ကောင်မလေးနောက်ကို လူလွှတ်ပြီးလိုက်ခိုင်းထားတယ် သူ့မှာ အားနည်းချက်ရှိတာနဲ့
အဘွားတို့ လုပ်ငန်းစမယ်"

"ဒါမှ ထိပ်ထားအဘွား ပီသတာ  ဒီနေ့ ဟိုဟာမနဲ့ဲ့ ထမင်းစားရတာ အဘွားရယ် စားလို့တောင်မဝင်ဘူး "

"ဟုတ်ပ ဘွားလဲ ဟန်ပြသာ လုပ်နေရတာ စားမဝင်ဘူး မြေးမဟာကလဲ ဒီလောက် တောင်ကြီးမှာ အနွယ်ဝင်တွေ ရှမ်းမလေးတွေ ပေါနေတာ မြေပြန့်သူနဲ့မှတွေ့ရတယ်လို့
ဒီကောင်မလေးနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူးကွယ်"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now