Unicode~
"အဲ့တာ သူဌေးမင်းJeonရဲ့ ကောင်လေးမလား"
ထိုအသံကြောင့် ပါတီပွဲထဲက လူအချို့၏အကြည့်ဟာ အဲ့သည်ကောင်လေးဆီ အလိုလိုရောက်သွားရသည်။
ကောင်လေးက အတော်လေး မူးနေဟန်၊ ညမီးရောင်ခပ်မှိန်မှိန်အောက်မှာ ယိုင်ထိုးလို့နေသည်။ လူကိုမှိန်းမောလွင့်မျှောစေသော ဆေးတစ်မျိုးသုံးထားပုံလည်း ပေါ်သည်။
လက်တစ်ဖက်က ဝီစကီတစ်ခွက်ကို ဟန်ပါပါကိုင်ထားရင်း ကျန်လက်တစ်ဖက်ကို မိန်းကလေးတစ်ယောက်က ကော်ကပ်ထားသည့်အလား တွဲခိုလို့နေသည်။"ဆေးကွဲနေတာလားမသိဘူး။ သူဌေးမင်းကို ဖုန်းဆက်ကြပါဦး"
တစ်ယောက်က နှိုးဆော်လိုက်လျှင် ဝါညစ်ညစ်ကြိုးဖုန်းအနားရောက်သွားသူက အရန်သင့်။ ကြိုးဖုန်းပေါ်က ခလုတ်တွေကို လှည့်လိုက်ပြီး ကြေးနန်းရုံးကို အရင်ဆက်သွယ်ရသည်။ ထိုမှတစ်ဆင့် ကြေးနန်းရုံးက သူဌေးမင်းJeonအိမ်ကဖုန်းကို လွဲပေးရသည်။
ညကြီးအချိန်မတော်ဖြစ်သည့်အလျောက် ကြေးနန်းရုံးက ဖုန်းစောင့်လေးမှာလည်း အိပ်ချင်မူးတူး။ ဖုန်းသံကြားလို့သာ နိုးလာရဟန်။ တဝါးဝါးသမ်းဝေလျက်။
ကန်တပ်ကီပြည်နယ်မှာ အချမ်းသာဆုံးသူဌေးမင်း၏ ဖုန်းနံပါတ်ကို တစ်ဆင့်ဆက်သွယ်ပေးလိုက်တော့ တစ်ဖက်က မိန်းမကြီးတစ်ယောက်က ဖုန်းကိုင်သည်။"သူဌေးမင်းအိမ်ကကောင်လေး ဒီမှာရောက်နေလို့ပါ။ တော်တော်လေး မူးနေပုံရတယ်"
'ပေးစမ်း အဲ့ဒီဖုန်း'
သူဌေးမင်း၏ အသံဖြစ်ရမည်။ ခက်ထန်မာကြောလိုက်ပုံများ သူ့ကျောရိုးထဲမှာ စိမ့်ခနဲ။ ဒါကြောင့်လည်း သူဌေးမင်းJeonကို ဘယ်သူကမှ မခန့်လေးစားမလုပ်ရဲတာ။ ဝိုးတဝါးကြားလိုက်ရသော အသံကအစ အရှိန်အဝါတွေ စီးဆင်းနေပုံများ။
'လိပ်စာပြော.. အခုလာခေါ်မယ်။ မဟုတ်တာ တစ်ခုခုဖြစ်သွားရင် အခုဆက်နေတဲ့လူလည်း မလွယ်ဘူးမှတ်'
"ကျွန်တော် သေချာစောင့်ကြည့်ထားလိုက်ပါ့မယ် သူဌေးမင်း"
![](https://img.wattpad.com/cover/329174727-288-k794681.jpg)
أنت تقرأ
𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧
قصص الهواةCold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella abstract after all. Countless times of being an escapee, you never feel sick of it. There's no way I can feel relieved whether you are with...