ရှောင်းကျန့်မျက်လုံးကို360°လှည့်လိုက်ပြီး

"အင်း...ကောင်လေးတစ်ယောက်အကြောင်း "

လည်ပင်းသားကို နှုတ်ခမ်းလေးပွတ်ဆွဲနေရင်း
ရပ်သွားသည်မို့ ရှောင်းကျန့်ခိုးပြုံးလိုက်သည်။သဝန်တိုတက်တဲ့ကောင်လေးကို သဝန်တိုအောင်မထိတထိ
စရတာရှောင်းကျန့်တကယ်သဘောကျသည်။

"အ့! "

ခါးကို အင့်ကနဲဆွဲဖျစ်လိုက်သည်မို့
ရှောင်းကျန့် 'အ့' ဆိုတဲ့အသံထွက်သွားသည်။
ခုချိန်သူ့ခါးကိုလှန်ကြည့်ရင် လက်ယာကြီးထင်နေလောက်သည်။

"ဘယ်ကောင်အကြောင်းလဲ "

အံကြိတ်သံမမြည်ပေမဲ့ ရိပေါ်အသံက အလိုမကျဟန်
နည်းနည်းပါနေသည်။ မျက်ခုံးထူထူတွေ
တွန့်ချိုးနေမှာကတော့ ရှောင်းကျန့်လှည့်မကြည့်လဲသိသည်။

ရှောင်းကျန့်စဉ်းစားသလို "အင်း"ကိုသံရှည်စွဲလိုက်ပြီး

"အရမ်းဆိုးတဲ့လူဆိုးလေးအကြောင်း "

"ဘယ်ကောင်လဲ "

နောက်ကနေဖက်ထားတဲ့ရိပေါ်က သူ့ကို
မျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်ရင်း
မျက်မှောင်ကျုံ့ကာမေးလာသည်။
မျက်မှောင်ကျုံ့ထားတာတောင်ချောနေတဲ့
ရိပေါ်ရဲ့မျက်နှာချောချောက သူမျက်နှာနဲ့
အရမ်းကိုနီးကပ်နေသည်။

ရှောင်းကျန့် ရိပေါ်လည်ပင်းကို
လက်နဲ့သိုင်းဖက်လိုက်ပြီး

"ငါ့ကိုအရမ်းနိုင်စားတဲ့လူဆိုးလေး၊
ချစ်တယ်လို့ခနခနပြောရတာမကြိုက်တဲ့လူဆိုးလေး၊
ညတိုင်းငါ့ကိုကုတင်ပေါ်မှာအပြစ်ပေးချင်နေတဲ့လူဆိုးလေး၊
ခုငါ့ကိုဖက်ထားတဲ့လူဆိုးလေး ငါ့ရဲ့အပိုင်လေး "

စကားဆုံးတာနဲ့ ပါးကိုဖြတ်ခနဲလာနမ်းတဲ့ တစ်ယောက်ကြောင့် ရိပေါ် မျက်ခုံးတွန့်တွေ ပြေသွားပြီး နှုတ်ခမ်းကလည်း အပေါ်ကို ကွေးတက်ချင်လာသည်။

"ယောကျ်ားကိုမြူဆွယ်နေပြန်ပြီလား ။ ဟမ် "

ခါးထက်ကလက်တွေကို တင်ပါးကို
ရွေ့ရင်းခပ်ကြိတ်ကြိတ်အသံနဲ့
မေးလိုက်တော့ ရှောင်းကျန့်ကငြူတူတူလေးနဲ့
တစ်ချက်ရယ်ရင်း 'အင်း 'လို့ပြောလာသည်။
ရိပေါ် အသဲယားလာတာမို့ နီထွေးထွေး
နှုတ်ခမ်းပါးလေးကို ပြွတ်စ်ခနဲဆွဲစုပ်လိုက်တော့
မျက်လုံးမှိတ်ကာငြိမ်နေသည်။

My very bad husband  belong to meWhere stories live. Discover now