𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》

Start from the beginning
                                    

စုရွေ့ကျယ်သည် တင်းမာသောအမူအရာဖြင့် သူ့မရီးဟောင်းဖြစ်သူကို ငုံ့ကြည့်လိုက်ကာ တိုးညှင်းစွာမေးလိုက်၏။

“ဝမ်းကွဲ၊ ကျွန်တော့်၀မ်းကွဲက ဘယ်မှာလဲ?  ဦးလေး ဘယ်မှာလဲ? ကျွန်တော့်တူငယ်လေးက ဘယ်မှာလဲ?”

“သူ...သူတို့...”

လင်းရှီသည် ထစ်ထစ်အအနှင့် စကားမပြောနိုင်တော့ချေ။

“သူတို့အားလုံး သေကုန်ပြီ”

စုရွေ့ကျယ်၏မျက်နှာ နစ်မြုပ်သွားလေသည်။

“သူတို့က ကျွန်‌တော်နဲ့ သွေးသားရင်းချာတော်စပ်တဲ့ ဆွေမျိုးတွေပဲ။ သူတို့မရှိရင် ခင်ဗျားက ဘာမှမဟုတ်ဘူး”

လင်ရှီးသည် ပါးစပ်ဖွင့်ပြီး ဘာမှပြန်မပြောနိုင်တော့ချေ။ စုရွေ့ကျယ် ပြောတာမှန်သည်ဆိုသည်ကို သူမသိ၏။ သူတို့တွင် သွေးသားရင်းတော်စပ်ခြင်း လုံးဝမရှိသည်ကိုမဆိုထားနှင့် မိသားစုဆက်ဆံရေးသည် အလွန်ပါးလွှာခဲ့လေသည်။ သူမသည် ဒီဆင်းရဲ‌သောကောင်လေးကို အမြဲတမ်း နှိမ့်ချခဲ့ပြီး ဘယ်တော့မှ မျက်နှာသာ မပေးခဲ့ချေ။
အိမ်ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်ပြီး သူမအနေဖြင့် တိုးတိုးတိတ်တိတ်ဘာမှ မပြောခဲ့တာတောင်မှ တစ်နေ့၌ သူ့ကို သနားဖို့တောင်းပန်ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ဖူးပါချေ။

“ထွက်သွားစမ်း ! ”

ကျန့်ယွင်သည် ညစ်ညမ်းသောမိန်းမကို ဖယ်ရှားရန် ကြင်နာမှုမရှိစွာဖြင့် ဆွဲငင်အားကို အသုံးချလိုက်လေသည်။ ဘယ်လိုကျင့်ကြံရကောင်းမှန်းမသိသော ထိုမိန်းမမျိုးသည် ရှောင်ကျယ်၏ ခြေထောက်ကို ကိုင်ဝံ့သလား?!

သူတို့ အခြေစိုက်စခန်းကိုစရောက်သည့်အချိန်တုန်းက ချောင်ချီရှန်းရှေ့၌ ဒီအမျိုးသမီး၏ ပြုမူကျင့်ကြံပုံကို သူ မမေ့ခဲချေ။ သနားစာနာဖို့နှင့် ကိုယ်ချင်းစာဖို့ တောင်းဆိုသည့် သူမ၏စကားတစ်ခွန်းကို သူ ယုံကြည်လိမ့်မည်မဟုတ်ချေ။

နောက်တစ်ခုသည် စစ်ဆေးမေးမြန်းဖို့လုပ်ရန်ဖြစ်သည်။ သွေးထွက်သံယိုဖြစ်မည်မို့ ကလေးများစောင့်ကြည့်ရန်မသင့်သောကြောင့် ကျန့်ယွင်သည် ဝူကျင်းကို ယွီသုန်သုန်အား အခန်းထဲသို့ အနားယူရန်ခေါ်သွားခိုင်းလိုက်သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now