𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》

7.8K 1.1K 10
                                    

My Cherry Will Explode in the Apocalypse

Chapter 3

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

ကျန့်ယွင် သူဘယ်အချိန်အိပ်ပျော်သွားသလဲမသိလိုက်ပေ။ သို့သော်လည်း သင်းပျံ့လှသောအစားအသောက်အနံ့ကြောင့်နိုးလာခဲ့သည်။

ထိုအရာက သူ့အမေ မမျှော်လင့်စွာဆုံးပါးသွားပြီးကတည်းက မနက်ခင်းတိုင်းတွင် တစ်ခါမှမရခဲ့ဖူးသောအနံ့ဖြစ်လေသည်။

ထိုအချိန်တွင် အနောက်ဘက်ခြံ၀င်းနှင့်ဆက်သွယ်ထားသောတံခါးပွင့်လာပြီး စုရွေ့ကျယ်သည် ဂျုံယာဂုပူပူပန်းကန်တစ်လုံးနှင့် ဟင်းပန်းကန်အသေးနှစ်ခု သုံးခုပါသော ဗန်းတစ်ခုနှင့်အတူ၀င်လာခဲ့သည်။

“ခင်ဗျား, ခင်ဗျား နိုးနေပြီလား? ”

သူ ကျန့်ယွင်နိုးနေသည်ကိုမြင်လိုက်သောအခါ သူ့ဖြူဖွေးသောမျက်နှာသေးသေးလေးတွင် ချစ်စဖွယ်အနီရောင်တိမ်တိုက်လေးနှစ်ခုနောက်တစ်ကြိမ်ပေါ်လာခဲ့၏။

ကျန့်ယွင် ကောင်လေး၏စိတ်လှုပ်ရှားပြီး ရှက်ရွံ့နေသော သေးငယ်သည့်ပုံရိပ်လေးအားမြင်လိုက်ပြီး သူ့မျက်နှာတွင်လည်း မသိမသာအပြုံးတစ်ခုပေါ်လာခဲ့လေ၏။

စုရွေ့ကျယ် ဗန်းအားထိုင်ခုံတစ်ခုပေါ်အရင်တင်ထားလိုက်ကာ စားပွဲတစ်ခုကို ဘေးနားသို့ဆွဲရွေ့လာခဲ့ပြီးနောက် သူပြင်ဆင်ထားသောအစားအသောက်များအား စားပွဲပေါ်သို့ တစ်ခုချင်းတင်လိုက်သည်။

ဂျုံယာဂုတွင် အလွန်ပျော့ပျောင်းသော ကောင်းညင်းဖြူကိုပါထည့်ပြုတ်ထားပြီး အစိမ်းရောင် ကြက်သွန်မြိတ်ကွင်းလေးများဖြင့်အလှဆင်ထားကာ အလယ်တည့်တည့်တွင် လတ်ဆတ်လှသောပဲငံပြာရည်အနည်းငယ်လောင်းထည့်ထားပြီး အပေါ်ယံတွင် ဆီအလွှာပါးပါးလေးဝေ့တက်နေကာ ထိုအချင်းအရာက အလွန်ကိုစားချင့်စဖွယ်ဖြစ်နေ၏။ ပန်းကန်သေးလေးသုံးခုသည် ဟင်းနုနယ်ရွက်ကြော်၊ သခွားသီးအေး နှင့် ဆီတို့ဟူးတို့ဖြစ်ကာ ဂျုံယာဂုနှင့်အလွန်လိုက်ဖက်သင့်လျော်ပေ၏။

“မင်းကိုယ်တိုင်လုပ်ထားတာလား? ”

ကျန့်ယွင် အံ့ဩမှုတစ်ချို့နှင့်မေးလိုက်၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now