𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》

8.2K 1.3K 32
                                    

My Cherry Will Explode in the Apocalypse

Chapter 4

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

ဝူချီ၏လက်ရာသည် ကောင်းမွန်ဆဲဖြစ်ကာ ကြွပ်ကြွပ်ရွရွနှင့် မွှေးကြိုင်နေသောဘာဘီကျူးအနံ့သည် စုရွေ့ကျယ်ကို သွားရည်ကျလာစေသည်။ သူပျက်ကပ်ကြီးကနေ ပြန်လာခဲ့ချိန်တွင် သူ့ပန်းတိုင်မှာ အသက်ရှင်ဖို့ရာသာမက သူ့အနာဂါတ်နေ့ရက်တိုင်းတွင် အသားရှိဖို့ရာလည်းဖြစ်ပေသည်။

နေ့လည်စာကို အလျင်အမြန်စားသောက်လိုက်ပြီးနောက် စုရွေ့ကျယ်သည် အများသုံးဖုန်းရုံတစ်ခုကိုရှာတွေ့သွားပြီး လောင်ကျန်းကိုခေါ်ဆိုလိုက်သည်။ သူသည် ဖုန်းတစ်လုံး၀ယ်ဖို့မတတ်နိုင်လောက်အောင် ဆင်းရဲနေတာမျိုးတော့ မဟုတ်ချေ။ သူ တစ်ပတ်ရစ်ဖုန်းတစ်လုံးလောက် ၀ယ်ဖို့‌ပိုက်ဆံရှိနေပါသေးသည်။ သို့သော်လည်း ကမ္ဘာကြီးအဆုံးသတ်သည် မကြာခင်အချိန်တွင်ရောက်လာတော့မည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် မည့်သည့်ဖုန်းလိုင်းမှ ရတော့မည်မဟုတ်ပဲ ဖုန်းတစ်လုံးသည် သံထည်အပိုင်းအစတစ်ခုနှင့်တူတူပင်ဖြစ်သည်ကို တွေးမိသည်။ ယွမ်*ရာဂဏန်းအနည်းငယ်ကို အစားအသောက်အချို့၀ယ်လိုက်ဖို့သာ ပိုကောင်းပေသည်။

【T/N; သူကဒေါ်လာလို့ရေးထားပေမယ့် တရုတ်ငွေကြေးက RMB /ယွမ် မို့လို့ ယွမ်လို့ပဲရေးလိုက်ပါသည်။ 】

လောင်ကျန်းက သူသည် ဝူချီမိတ်ဆက်ပေးလိုက်သော ၀ယ်သူဖြစ်ကြောင်းကြားသည်နှင့် အလွန်ကိုစိတ်အားထက်သန်နေတော့သည်။ သူနေ့လည်ခင်း၌ အချိန်ရသောကြောင့် စုရွေ့ကျယ်ကို လိပ်စာပြောလိုက်ကာ ကြက်မွေးမြူရေးခြံသို့ တိုက်ရိုက်လာတွေ့ရန်တောင်းဆိုလိုက်လေသည်။

လောင်ကျန်း၏ ကြက်မွေးမြူရေးခြံသည် ဆင်ခြေဖုံးကျေးလက်ဒေသတွင်ဖြစ်ပြီး ပိုက်ဆံစုဖို့ရန်အတွက် စုရွေ့ကျယ်သည် ဘတ်စ်ကားသုံးစီးပြောင်းစီးခဲ့ကာ သူသွားလိုရာသို့ ဘတ်စ်ကားဖြင့် နှစ်နာရီကျော် အချိန်ယူခဲ့ရသည်။

လောင်ကျန်းသည် အသက်ငါးဆယ်အရွယ်ဖြစ်ပြီး ကြင်နာကာ ရိုးသားသောလူတစ်ယောက်ဖြစ်လေသည်။ သူ့ကို ဝူချီမိတ်ဆက်ပေးလိုက်ကြောင်းသိသဖြင့် မည်မျှ စိတ်အားထက်သန်နေသည်ကိုမဖော်ပြတော့ဘဲ ဘေးနား၌လျှောက်ခုန်ပျံနေသော ကြက်အကောင်နှစ်ဆယ်နှင့် ဘဲအကောင်နှစ်ဆယ်ကို ကူညီရွေးချယ်ပေးခဲ့လေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now