𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》

4.4K 627 6
                                    

My Cherry Will Explode in the Apocalypse

Chapter 77《 စွမ်းရည်ဆေး 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

Unicode

မျက်စိတစ်မှိတ်အတွင်း ကမ္ဘာပျက်ကပ်ကြီးပေါက်ကွဲခဲ့သည်မှာ သုံးလကျော်ကြာသွားခဲ့ပြီဖြစ်သည်။ တောင်ပိုင်းအခြေစိုက်စခန်း၏ စားနပ်ရိက္ခာအကျပ်အတည်းသည် နောက်ဆုံးတွင် ချောမွေ့စွာ ဖြတ်ကျော်သွားနိုင်ခဲ့၏။ မြေဆီလွှာမဲ့ စိုက်ပျိုးရေးစမ်းသပ်မှုမှာလည်း အလွန်အောင်မြင်ခဲ့ပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် သီးနှံအများအပြားကို အခြေစိုက်စခန်းတွင်တည်ဆောက်ထားသော ဖန်လုံအိမ်များတွင် စိုက်ပျိုး ကြီးထွားလာခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားရှင်အရေအတွက်သည် တဖြည်းဖြည်းတိုးလာခဲ့၏။ စွမ်းအားရှင်များကို အနှောက်အယှက်ဖြစ်စေသည့်အရာမှာ အဆင့်မြှင့်တင်ရန် နည်းလမ်းရှာမတွေ့ နိုင်ကြခြင်းဖြစ်၏။ အပြင်ဘက်တွင် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်အရေအတွက်လည်း တဖြည်းဖြည်းများပြားလာသည်ကို တွေ့ရသဖြင့် စွမ်းအားရှင်များ ဆင့်ကဲတိုးတက်မှု ဆက်မတိုးတတ်နိုင်ခြင်းသည် လူသားမျိုးနွယ်အတွက် အလွန်အဆင်မပြေလှပေ!

စွမ်းရည်များကို မကြာခဏဆိုသလို ဆက်တိုက်အသုံးပြုခြင်းသည် အဆင့်တိုးလာခြင်းကို ခံစားရသည်ဟု ထင်ရသော်လည်း အဆင့်မြှင့်တင်မှုအတွက် မည်သည့်လက္ခဏာမျှ မတွေ့ရချေ။ ကမ္ဘာပျက်ကပ်ဝတ္ထုများကို ဖတ်ရှုဖူးသူများသည် အဆင့်မြှင့်တင်မှုသည် ဖုတ်ကောင်အမြုတေများနှင့် ဆက်စပ်နိုင်သည်ဟု ထင်ခဲ့ကြသည်။ သူတို့သည် အမြုတေများကို အများအပြားစုဆောင်းခဲ့ကြသော်လည်း ၎င်းတို့အား မည်ကဲ့သို့အသုံးပြုရမည်ကို မသိကြချေ။ သူတို့အားလုံးသည် အလွန်စိုးရိမ်နေခဲ့ကြ၏။

နောက်ဆုံးတွင် တောင်ပိုင်းအခြေစိုက်စခန်းသည် ကျန့်ယွင် နှင့် စုရွေ့ကျယ်တို့နှင့် ဆွေးနွေးခဲ့ပြီး အမြုတေခဲများအသုံးပြုနည်းကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။ ဖောက်ထွင်းမြင်ရသော အခြေခံအမြုတေသည် မည်သည့်စွမ်းရည်ကိုမဆို  ထောက်ပံ့ဖြည့်စွက်ပေးနိုင်သော်လည်း စွမ်းရည်များကို တိုးမြှင့်ပေးနိုင်လိမ့်မည်မဟုတ်ချေ။ အများအပြားစားသုံးခြင်းသည် ဖုတ်ကောင်ဗိုင်းရပ်စ်ကို ပြန်ကန်ခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now