𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》

4.1K 602 0
                                    

My Cherry Will Explode in the Apocalypse

Chapter 74《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

အသားများသည် ဂျင်းတစ်ထောင်ကျော်ရှိ၏။ ကမ္ဘာပျက်ကပ်ကြီးစကတည်းက ဤအခြေစိုက်စခန်းရှိ လူအများစုသည် ဤသို့သောလတ်ဆတ်သည့်အသားများကိုမဆိုထားနှင့် အသားအရသာကိုတောင်မှ မည်သူမှ မမြည်းစမ်းခဲ့ကြရချေ။

နောက်ဆုံးတွင် ၀မ်ချန်းအခြေစိုက်စခန်းမှ တပ်ဖွဲ့ လေးဖွဲ့သည် ဝံပုလွေအသားများကို ခွဲဝေပိုင်းခြားကာ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာရန် တောင်ပိုင်းအခြေစိုက်စခန်းအား ဓာတ်ခွဲခန်းသို့ဝင်ရောက်ခွင့်ပြုရန် သဘောတူခဲ့ကြသည်။ ထိုနေ့၌ ဒေါက်တာယန်သည် သူ့လက်ထောက်နှစ်ဦးနှင့် သစ်သားစွမ်းအားရှင်နှစ်ဦးနှင့်အတူ ဓာတ်ခွဲခန်းသို့ ပြောင်းရွှေ့ခဲ့ပြီး အလွန်ဝမ်းသာနေခဲ့သည်။

အဆုံးအထိ ၀မ်ရွှီရုန်သည် သူ့မျက်နှာတွင် ပြဿနာတချို့ရှိနေတုန်းဖြစ်၏။ သူသည် နှုတ်ခမ်းတင်းတင်းထားပြီး အပြုံးတစ်ခုကို ပြသ‌ထား၏။

“ကံမကောင်းစွာပဲ ဒီအသားကိုအရသာခံဖို့ မင်းတို့ရည်မှန်းထားလို့မရတော့ဘူး။ မင်းတို့စိတ်ပြောင်းသွားရင် ၀မ်မိသားစုတံခါးက မင်းတို့ကို အချိန်မရွေး တံခါးဖွင့်ပေးထားလိမ့်မယ်။ ပြီးတော့ အသားဝေစုလည်း အမြဲရလိမ့်မယ်”

“ ဟားဟား ”

သူ့ကို တုံ့ပြန်သည့်အနေနှင့် ကျန့်ယွင်နှင့်တခြားသူများသည် တည်ငြိမ်စွာ ပြုံးပြလိုက်ကြ၏။

ဒေါက်တာယန်၏ စွမ်းရည်ဖြင့်ဆိုလျှင် ရက်အနည်းငယ်အတွင်း မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို ကျွမ်းကျင်နိုင်သင့်သည်။ သို့သော်လည်း ၎င်းသည် သူတို့ ၀မ်ချန်းအခြေစိုက်စခန်း၌ ရက်အနည်းငယ်ကြာအောင်နေရန် လိုအပ်သည်ဟုလ ည်း ဆိုလိုသည်။

ထိုည၌ အခြေစိုက်စခန်းတွင် အသားနံ့ပြင်းပြင်း ရနေခဲ့၏။ တပ်ဖွဲ့အားလုံးသည် အသားလတ်လတ်ဆတ်ဆတ်ကို ရခဲ့ကြသဖြင့် သူတို့သည် သဘာ၀ကျစွာ စားသောက်ရန်ထုတ်ယူချင်ခဲ့ကြသည်ပင်။ ယခုအချိန်၌ ရာသီဥတုသည် အလွန်ပူပြင်းလှသဖြင့် အသားကို မကြာခင်မှာပင် ဖယ်လိုက်ကြသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now