𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》

3.8K 599 8
                                    

My Cherry Will Explode in the Apocalypse

Chapter 81《 လင်ချန်းအခြေစိုက်စခန်း 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

ကျန့်ယွင် နှင့်အဖွဲ့သည် off road ကားတစ်စီးနှင့် တောင်ပိုင်းအခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့ကြသည်။ ယခုအချိန်အတောအတွင်း၌ နေ့တာအချိန်၏ ပူပြင်းသောနွေရာသီကြောင့် လူတိုင်းသည် နေ့ခင်းဘက်၌ အတွသ်းထဲတွင်‌နေကြပြီး ညဘက်ရောက်မှသာ အပြင်ထွက်လေ့ရှိကြကာ အလုပ်နှင့် အနားယူမှုအချိန်များသည် ပြောင်းပြန်ဖြစ်နေခဲ့သည်။ ယခုတော့ သူတို့သည် ရုတ်တရက် နေ့ဘက်၌မောင်းနှင်နေကြပြီး လူတိုင်းသည် ထိုအရာနှင့် သိပ်အသားမကျသလို ခံစားရကြရ‌လေသည်။

ကားပေါ်တွင် လေအေးပေးစက်ဖွင့်ရန် မလိုအပ်ဘဲ သူတို့သည် ယခုအချိန်တွင် ပြတင်းပေါက်ကိုဖွင့်နိုင်ပြီး သူတို့မျက်နှာများဆီသို့ တိုက်ခတ်လာသည့် အေးမြသောလေကို ရှုရှိုက်နိုင်သည်။ လူများကို လန်းဆန်းစေသော ရာသီဥတုမှာ အမှန်တကယ်ကို ရှားရှားပါးပါးဖြစ်သည်။ သို့သော်လည်း ကျန့်ယွင်နှင့် အခြားသူများမှာ ထိုသို့သော သာယာလှပသည့်ရှုခင်းများကို ခံစားရန် ခံစားချက်ကောင်းမနေကြချေ။ သူတို့သည် ရာသီဥတုအေးလာမည့်အကြောင်းင်းကို စိုးရိမ်နေခဲ့ကြသည်။

ကျန့်ယွင်သည် ယာဉ်မောင်းလိုင်စင်မရှိသူ သုံးယောက်ဖြစ်သည့် စုရွေ့ကျယ်၊ ယွီသုန်သုန် နှင့် ကျန့်ကျားဟယ်တို့မှလွဲ၍ ကျန်ခြောက်ယောက်သည် အနောက်မြောက်အခြေစိုက်စခန်းသို့ နေ့ရောညပါ အလှည့်ကျမောင်းနှင်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။ သူတို့အတွက် အချိန်သိပ်မကျန်တော့ချေ...

သို့သော် အခြေအနေသည် သူတို့ထင်ထားတာထက် ပိုဆိုးခဲ့‌လေ၏။ ည၌ အပူချိန်သည် 15 ဒီဂရီအထိ ကျဆင်းသွားခဲ့ပြီး ပြတင်းပေါက်တွေကို ပိတ်ခဲ့ရသည်။ စုရွေ့ကျယ်လည်း လူတိုင်းဝတ်ဖို့ရန်အတွက် နေရာလွတ်ထဲမှ ကုတ်အင်္ကျီပါးများကို ထုတ်ပေးလိုက်သည်။

သူတို့သည် လုံးဝ အနားမယူရဲကြချေ။ နေ့ရောညပါ လမ်းပေါ်တွင်ရှိနေခဲ့သည်။ သူတို့စားသောက်ကြလျှင်တောင် ကားပေါ်တွင် ပေါင်မုန့်နှစ်လုံးကိုစားခဒ့ကြသည်။ သန့်စင်ခန်းသွရန်လိုမှသာ မိနစ်အနည်းငယ်လောက် ရပ်ခဲ့ကြလေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now