𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》

Start from the beginning
                                    

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၏ ဆောင်းရာသီတွင် မကြာခဏနှင်းကျတတ်သောကြောင့် ကျန်းယောင်ဟွားသည် နှင်းတာယာများကိုအထူးထားသည့် ကားအရောင်းဆိုင်သည် အခြေစိုက်စခန်းနှင့် အနည်းငယ်သာကွာဝေးသည်ကို အလွယ်တကူရှာတွေ့ခဲ့သည်။ သူတို့အားလုံး သူတို့(ZY&SRZ)မပါဘဲ ထွက်သွားရခြင်းအကြောင်းအရင်းမှာ ထိုတာယာများကို ယူရန်ဖြစ်သည်။ ကံကောင်းထောက်မစွာ ရာသီဥတုသည် ယခင်က အလွန်ပူပြင်းခဲ့ပြီး ဘယ်သူမှ ၎င်းတို့အကြောင်း မတွေးခဲ့ကြချေ။ ထို့ကြောင့် ထိုဆိုင်မှ နှင်းတာယာများအာလုံးကို ရရှိခဲ့ကြသည်။

ယခုလေးတင် ကျန်းယောင်ဟွားသည် ၎င်းတို့ကို သူတို့ကားထဲသို့ တစ်စုံတစ်ယာက်အားကူတင်ပေးစေခဲ့ပြီး ခေါင်မိုးတွင် ချိတ်ထားသော တာယာနှစ်လုံးကို ယူလိုက်သည်။

“ ကောင်းတယ်။ မနက်ဖြန်မနက် ထွက်ကြရအောင်”

ထို့နောက် ကျန့်ယွင်သည် သူတို့အား အေးစက်စက် အကြည့်တစ်ချက် ပေးကာ

“မင်းတို့ဝင်လာရင် သတိထားကြ!”

ကျန့်ယွင်သည် သူ့ချစ်သူလေးသည် အရေပါးမှန်း သိခဲ့သဖြင့် သူတို့အား အထူးသတိပေးပြီးနောက် အခန်းထဲသို့ ပြန်ဝင်လာခဲ့လေသည်။

လူအုပ်ကြီးသည် သူ့နောက်ကို လိုက်လာခဲ့ကြသော်လည်း ထပ်မရယ်ရဲကြ‌တော့ချေ။

အခန်းထဲတွင် စုရွေ့ကျယ်သည် စိတ်ခံစားချက်ကို ငြိမ်သက်သွားစေလိုက်သည်။ သူ့ပါးပြင် အနည်းငယ်နီမြန်းခြင်းနှင့် ရောင်ရမ်းနေသောနှုတ်ခမ်းများမှလွဲ၍ တစ်စုံတစ်ရာခြားနားခြင်းကိုမမြင်နိုင်ချေ။

“ဝေါင်း၊ ရှောင်ကျယ်၊ မင်းမျက်လုံးတွေစိမ်းနေတယ်!”

ကျန့်ကျားဟယ်သည် စုရွေ့ကျယ်၏မျက်လုံးများ ပြောင်းလဲသွားသည်ကို တစ်ချက်ကြည့်လိုက်သည်နှင့် တွေ့လိုက်လေသည်။

“ဟုတ်တယ်၊ ရှောင်ကျယ်၊ မင်းရဲ့မျက်လုံးတွေက အရမ်းလှတာပဲ၊ စိတ်ကူးယဉ်ဇာတ်ကားတွေထဲက နတ်သူငယ်တွေလိုပဲ!”

ချန်းကျောင်းလည်း အော်လိုက်၏။ မိန်းမတစ်ယောက်အနေဖြင့် အတိအကျပင် သူမသည်လှပသောအရာများကိုသဘောကျ၏။ ထိုအခိုက်တွင် စုရွေ့ကျယ်၏မျက်လုံးများကိုမြင်လိုက်ရပြီး သူ့ထံမှ ဆွဲဆောင်ခံလိုက်ရသည်ဟု ချန်းကျောင်းလည်း ခံစားလိုက်ရသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now