𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》

Start from the beginning
                                    

အားသာချက်သည် သူတို့ဘက်တွင်ရှိနေသည်မှာ လုံးဝကိုသိသာမြင်သာပါ၏… အကယ်၍သာ သူတို့ပြောခဲ့သည့် သူတို့အားလုံးသည် စွမ်းအားရှင်များဖြစ်ပြီး ထိုကဲ့သို့သော ခွန်အားမျိုးနှင့်ဆိုပါက သာမာန်ကျည်ဆန်များကြောင့် အလွယ်တကူ ထိခိုက်ဒဏ်ရာရမည် မဟုတ်ချေ။ သူတို့အားလုံးသာ လုံခြုံဘေးကင်းပြီး သန်မာပါက လှည့်ပတ်ကြည့်ဖို့ အခနရှိနေဆဲဖြစ်၏။ သို့သော် တစ်စုံတစ်ယောက်သည် ထပ်ပြီးဒဏ်ရာရခဲ့မည်ဆိုလျှင် သူတို့သည် ထာဝရလက်စားချေလိမ့်မည်ကို ကြောက်မိ၏။

သေနတ်သံကို ကြားလိုက်သည့်အခိုက်တွင် စုရွေ့ကျယ်၏ နှလုံးသားသည် လှုပ်ရှားသွားလေ၏။ သူ့ဘယ်ဘက်လက်ဖဝါးတွင် အခွံမာသီးတစ်လုံး ပေါ်လာပြီး ၎င်းကိုပေါင်းစပ်ပြီးဓာတ်ပြုလိုက်ကာ သူ့လက်ထဲတွင် ကြီးမားသောပေါက်ကွဲဒဏ်ခံနိုင်သော ဒိုင်းကာတစ်ခုပေါ်လာခဲ့လေသည်။ သို့သော်  ဒိုင်းကာ၏အရွယ်အစားမှာ အကန့်အသတ်ရှိပြီး လူသုံးဦးသာ ကာကွယ်နိုင်သည်။ ထို့ကြောင့် စုရွေ့ကျယ်သည် ယွီသုန်သုန်ကို ချီထားသောကျန့်ကျားဟယ်ဆီသို့ ယွီသုန်သုန်နှင့် စုန့်ချန်ရှုတို့ကို ကာကွယ်ပေးရန် ဒိုင်းကာကို ပစ်ပေးလိုက်၏။

ကံကောင်းထောက်မစွာဖြင့် သူ့အပြင် ကျန်းရှို့လျန်သည် ကျည်ဆန်များကို ခုခံရန် နံရံတစ်ခုကို အမြန်တည်ဆောက်နိုင်ခဲ့၏။ သူ့စွမ်းရည်သည် အဆင့် သုံး သို့ ရောက်ရှိသွားပြီးဖြစ်‌၏။ သူတည်ဆောက်ခဲ့သော နံရံသည် အလွန်မာ‌ကြောပြီး ကွန်ကရိနံရံနှင့် ယှဉ်နိုင်လောက်သည်။ သူသည် ကျန်လူအားလုံးကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ကာ ကျည်ဆံအားလုံးကို ရပ်တန့်ပစ်နိုင်ခဲ့လေသည်။ မည်သူတစ်ဦးတစ်ယောက်မှ နောက်တစ်ကြိမ်ဒဏ်ရာမရခဲ့ချေ။

“ မင်းတို့အားလုံးရပ်၊ သေနတ်ကို အောက်ချလိုက်!”

ဆန့်ကျင်ဘက်ရှိလူများသည် မထိခိုက်ကြောင်းကိုမြင်သောအခါ သူသည် စိတ်သက်သာရာရသွားပြီး ညီငယ်များအား အော်ဟောက်လိုက်သည်။

တကယ်တမ်းတွင် ဝူရယ်သူ့ပါးစပ်ကို ဖွင့်ဖို့ မလိုအပ်တော့ချေ။ ယခုလေးတင် ကျန်းရှို့လျန်နှင့်စုရွေ့ကျယ်တို့သည် ကျည်ဆံအားလုံးကို အလွယ်တကူ ပိတ်ဆို့လိုက်ပြီး သူတို့အား ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားစေလေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now