𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》

Start from the beginning
                                    

ထို့ကြောင့် သူသည် ချန်းချင်းအား လက်ပစ်ဗုံးတစ်လုံးကိုလည်းပေးလိုက်လေ၏။ ဖော်မြူလာကို ရှာတွေ့ပါက တောင်ပိုင်းအခြေစိုက်စခန်း၏ သုတေသနစင်တာကို ဖောက်ခွဲပစ်လိမ့်မည်ဖြစ်သည်။ ထိုမှ ၀မ်ချန်းအခြေစိုက်စခန်းသည် အခြေအနေအခွင့်ကောင်းယူနိုင်ပြီး တခြား အဓိကအခြေစိုက်စခန်းကြီးများမှ လာဖွေလာနိုင်မည်ဖြစ်သည်။

လူများသည် ကောင်းကင်ဘုံလောက် အစွမ်းထက်မည်မဟုတ်ပါချေ။ တောင်ပိုင်းအခြေစိုက်စခန်းသည် တော်တော်လေး ဖုံးကွယ်ထားမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ နည်းပညာမြင့် အီလက်ထရွန်းနစ်ပစ္စည်းများနှင့် လက်နက်မျိုးစုံကို အဆုံးမရှိတဲ့ ရေစီးကဲ့သို့ ထွက်ပေါ်နေလေသည်။ သူ၏ပြီးပြည့်စုံသည့် အစီအစဉ်သည် တိုတောင်းသွားပြီး အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။

သို့သော်လည်း ၀မ်ရွှီရုန်၏ မျက်လုံးများတွင် ဒေါသနှင့် နာကြည်းမှုအပြင် လောဘအရိပ်အယောင်များ ရှိနေလေသည်။ တောင်ပိုင်းအခြေစိုက်စခန်းတွင် နေထိုင်သည့် ဤနေ့ရက်များတွင် တောင်ပိုင်းအခြေစိုက်စခန်း၏ နေထိုင်မှုပတ်ဝန်းကျင်သည် သူတို့ ၀မ်ချန်းအခြေစိုက်စခန်းထက် အဆပေါင်းရာနှင့်ချီ သာလွန်ကြောင်း ဝန်ခံရမည်ဖြစ်သည်။

ဤနေရာတွင် ဆိုလာစွမ်းအင်ထုတ်လုပ်သည့်ကိရိယာများရှိလေသည်။ အခြေစိုက်စခန်းတွင် မီးလုံးများသာမက လေအေးပေးစက်များပါ ရှိသည့်အပြင် ဆေးဝါးအသစ်များ၊ လက်နက်နှင့် ကိရိယာအမြောက်အများလည်းရှိသည်။ တောင်ပိုင်းအခြေစိုက်စခန်း၏ လူနေမှုပတ်ဝန်းကျင်သည် သူတို့အခြေစိုက်စခန်းထက် များစွာသာလွန်သည့်ပုံ ရသည်။

သူပြန်သွားပြီးနောက် သူတို့နည်းလမ်းတစ်ခုကိုရှာပြီးနောက် ထောက်လှမ်းရေးတစ်ယောက်ကိုတောင်ပိုင်းအခြေစိုက်စခန်းသို့ပို့ကာ ရွှေ့ းပြောင်းဖို့အခွင့်အရေးကို စောင့်နေရမည်။

၀မ်ရွှီရုန်သည် ထူးဆန်းနေသကဲ့သို့ ဖြစ်နေသည်နှင့် ကားအပြင်ဘက်တွင် ကျယ်လောင်သော အသံကို ရုတ်တရက် ကြားလိုက်ရပြီး ကား ရုတ်တရတ် ရပ်သွားခဲ့လေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now