𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》

Start from the beginning
                                    

“မင်း ကောင်ပေါက်လေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ပြီးရင် မင်းသန့်စင်ခံရမှာ မဟုတ်ဘူး ”

ရှောင်ဟေးသည် စုရွေ့ကျယ်၏ စကားများကို နားမလည်နိုင်ခဲ့ချေ။ သူ့နားရွက်များ ယမ်းခါကာ စုရွေ့ကျယ်၏ လက်နှစ်ဖက်ထဲမှ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်၏။ အသံတိတ်ကြောင်ခြေလှမ်းများဖြင့် တူးထားသည့် ကြွက်တွင်းနားသို့ ရောက်လာခဲ့လေ၏။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးသည် မြေပြင်ပေါ်တွင်ဝပ်နေကာ တင်ပါးကိုအနည်းငယ် မြှင့်ထား၏။ သူ့အမြီးသည် ဘယ်မှညာသို့လှုပ်ယမ်းနေပြီး တိုက်ခိုက်သည့် အနေအထားသို့ လုပ်ထားလေ၏။

စစ်သားငယ်လေးသည် စောင့်ကြည့်နေခဲ့ပြီး တစ်ခုခုပြောချင်နေခဲ့၏။ ကြောင်များသည် ကြွက်များ၏ သဘာဝရန်သူများ ဆိုသည်မှာ အမှန်ဖြစ်သော်လည်း ထိုသန္ဓေပြောင်းကြွက်များသည် လူများကိုတောင် အသားတစ်စပဲ့အောင် ကိုက်နိုင်ကြသည်။ ဒီကြောင်လေးသည် အသက် နှစ်လမှ သုံးလလောက်သာရှိ၏။ ဒီကြွက်တွေကို သူ ဘယ်လိုဖမ်းနိုင်မလဲ? သူသည် ကြောင်လေးကိုပြန်ခေါ်ဖို့ ဆွဲဆောင်ရန် ကြိုးစားချင်ခဲ့သော်လည်း လူနှစ်ယောက်၏ယုံကြည်မှုကို မြင်လိုက်ရသောအခါ သူသည်တုံ့ဆိုင်းသွားကာ သူ့ပါးစပ်ကိုပိတ်ထားလိုက်လေ၏။

နောက်တစ်ခဏတွင် မီးခိုးရောင်ကြွက်တစ်ကောင်သည် အပေါက်မှလျင်မြန်စွာ ထွက်လာလေ၏။  ထိုကြွက်၏ အရွယ်အစားမှာ အရွယ်ရောက်ပြီးသော ယုန်တစ်ကောင်၏ အရွယ်အစား နီးပါးဖြစ်၏။၎င်းသည် အလွန်၀လေ၏။ မကြာသေးမီက အလွန်ပင် ကောင်းကောင်းစားခဲ့ပုံရလေ၏။

၎င်းသည် ပတ်ဝန်းကျင်တွင်လူသားများ အကြိမ်များစွာရှိခဲ့ပြီး အမြဲတမ်းစွန့်စားနေရသောကြောင့် ကြွက်၏သတ္တိသည် ပိုကြီးမားလာခဲ့ခြင်း ဖြစ်နိုင်သည်။ တွင်းထဲကထွက်လာပြီးသည်နှင့်၎င်းသည် ချက်ချင်း အစာဘက်သို့ပြေးသွားပြီး တုံ့ဆိုင်းမနေ‌ခဲ့ချေ။ ထိုနေရာတွင် ဝိုင်းစက်နေသော ရွှေရောင်မျက်လုံးတစ်စုံနှင့် ခေါင်းကိုငုံ့ကာ ခါးကိုကိုင်းထားပြီး ဖမ်းဖို့အဆင်သင့်ဖြစ်နေသည့် ကြောင်နက်တစ်ကောင်သည် စိုက်ကြည့်နေခဲ့လေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now