𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》

Start from the beginning
                                    

“မြောင်!”

သူတို့ပြောနေကြစဉ်မှာပဲ ရှောင်ဟေး၏နားများ လှုပ်သွားပြီး သူသည် ညာဘက်ထောင့်ကိုကြည့်ဖို့ သူ့ခေါင်းကို ရုတ်တရက်လှည့်ကြည့်လိုင်လေ၏။

ထိုနောက် ထိုနေရာတွင် တတွတ်တွတ်ကြိတ်နေသည့်အသံထွက်နေလေ၏။ သံပြားများကို ထပ်ခါထပ်ခါ အားဖြည့်ထားသည့် ဂိုဒေါင်၏ညာဘက်ထောင့်နားတွင် အပေါက်ကြီးတစ်ပေါက်ကို တဖြည်းဖြည်း တူးနေကြလေ၏။  သန္ဓေပြောင်းကြွက်များ၏ ခြေသည်းများနှင့် သွားများသည် သိသိသာသာ အားကောင်းလာခဲ့ကြ၏။

“ရှောင်ဟေး မင်း ကြွက်ကို ဖမ်းဖို့ ကူညီနိုင်မလား?”

စုရွေ့ကျယ်သည်  ပျော့ပျောင်းသည့် အနက်ရောင်ခြေသည်းလေးကို ဖျစ်ညှစ်ပြီး တိုင်ပင်သည့်လေသံနှင့်မေးလိုက်၏။

ရှောင်ဟေးသည် ပျင်းရိစွာသမ်းဝေပြီး စုရွေ့ကျယ်၏လက်နှစ်ပေါ်မှ အမြီးကိုပုတ်ယမ်းလိုက်၏။ ရှောင်ဟေးသည် ကြွက်များကိုဖမ်းရန် သူ့ချေးကျုံးသူ၏ အဆိုပြုချက်ကို စိတ်မဝင်စားသည်မှာ ထင်ရှား၏။

“တူနာနှစ်ဗူးကွာ? ”

ရှောင်ဟေးသည် ခေါင်းကိုမြှောက်လိုက်ပြီး အဝါရောင်မျက်လုံးကြီးများသည် မှိတ်တုတ်မှိတ်တုတ်နှင့် သူ့လျှာကိုဆန့်ထုတ်လိုက်ကာ နှာသီးဖျားကို လျက်လိုက်လေသည်။ သို့သော် သူစိတ်ဝင်စားမှုအချို့ရှိသော်လည်း မကျေနပ်သေးသကဲ့သို့ ပြန်မဖြေခဲ့ချေ။

စုရွေ့ကျယ်သည် တုံ့ပြန်မှုတစ်ခုရှိကြောင်းသိလိုက်ရသဖြင့် သူသည် အလျင်မြန်ဆက်လက်ကြိုးစားပြီး သူ့အားသွေးဆောင်ဖို့ရန် သူ့အသံကိုတိုးလိုက်၏။ 

“ညနေကျရင် မင်းအတွက် ငါးဟင်းချိုချက်ပေးရင် ဘယ်လိုလဲ ”

“မြောင်!”

ရှောင်ဟေးသည် အကြာကြီးအော်ဟစ်လိုက်ပြီး စုရွေ့ကျယ်၏ လက်ဖဝါးကို ပွတ်သပ်လိုက်၏။ သူပြောချင်နေသကဲ့သို့ပင် - ဒါဆို အတည်ဖြစ်ပြီနော်။

စုရွေ့ကျယ်သည် မျက်လုံးများကို မှိတ်သွားသည်အထိ ခပ်ကျယ်ကျယ် မပြုံးဘဲမနေနိုင်တော့ချေ။ သူသည် လက်ဆန့်ကာ နှာသီးဖျားလေးကို တို့လိုက်၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now