''ဟင့်အင်း..''

ပါးစပ်ကို ပိတ်ပြီးခေါင်းကိုသာ တသွင်သွင်ခါနေ၏။
ဆန်ပြုတ်မသောက်ချင်၍ ဂျစ်တိုက်နေခြင်းဖြစ်သည်။

''ရိပ်ရယ် လိမ္မာပါတယ်...မမခွံကျွေးမယ်လေ
တဝက်လောက်တော့ သောက်လိုက်နော်''

''ဟင့်အင်း..ဟင့်အင်း''

ပါးစပ်အားလက်ဖြင့် အုပ်ထား၍ ခေါင်းခါပြီး အတင်းသာ
ငြင်းနေ၏။ စိမ်းခမျာလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ။

''သောက်လိုက်ပါရိပ်ရယ် လိမ္မာပါတယ် နည်းနည်းဖြစ်ဖြစ်
သောက်လိုက်နော်''

''မသောက်ဘူးလို့ဆို... လုံးဝမသောက်ဘူး''

''မသောက်လို့မရဘူးလေ ရိပ်ရဲ့...ပြီးရင် ဆေးသောက်ရမှာ
အစာမရှိလို မဖြစ်ဘူးကွယ့်''

''အာ...ဘာဆေးလဲ ဆေးလဲမသောက်ဘူးနော်
ဆန်ပြုတ်လည်း မသောက်ဘူး မသောက်ဘူးဆိုကွာ''

ဆန်ပြုတ်တောင် ဝင်အောင်တိုက်လို့မရ ဆေးကိုတော့
ဘယ်လိုများတိုက်ရပါ့မလဲ မသိ။ စိမ်းလည်း အသက်
၃၂ အရွယ်မှ ကလေးထိန်းကဲ့သို့ ဖြစ်နေသော မိမိ၏
အဖြစ်အား ရယ်ရခက်ငိုရခက်။

''ရိပ်က လိမ္မာပါတယ်ကွာ...ရိပ် လိုချင်တာမှန်သမျှ
မမ ဝယ်ပေးမယ်လေ နော်... ''

''ဟင့်အင်း ဘာမှမလိုချင်ဘူး သောက်လည်းမသောက်ဘူး''

''သိပ်ပြောရခက်ပါလား ရိပ်ရယ်''

စိမ်းမှာ ဘယ်လိုမှချော့ပြောမရ။သင်ခဲ့ဖူးသည့် တပည့်တွေမှန်သမျှ ကိုယ်အမိန့်တချက်ပဲ။ ဒင်းလေးနဲ့မှပဲ စိမ်းမဟာနွယ်လည်း ရာဇဝင်ရိုင်းခဲ့တော့သည်။

''ရိပ် မမ မေးမယ် သောက်မှာလားမသောက်ဘူးလား''

''မသောက်ဘူးလို့ဆို''

လေသံမာမာဖြင့် ခြောက်ပြောလိုက်သော်လည်း အရာမထင်။
တကယ့်ကို ဂျစ်ကန်ကန်လေးပင်။ ဆေးသောက်ချိန်လည်း
မကျော်စေချင်တော့တာ မို့ နရံထက်မှာချိတ်ထားသည့်
ကြိမ်လုံးအား သွား၍ ဖြုတ်လာလိုက်၏။ ထိုအခါမှ
ဝိုင်းစက်နေသော မျက်လုံးကလေးတို့ဖြင့် မော့ကြည့်ကာ...

''ဟင့်..ရိုက်..ရိုက်မလို့လားဟင်''

''ဟုတ်တယ် ဆေးမသောက်ရင် ရိုက်မှာ''

''အချစ်ဟုခေါ်သည်''Where stories live. Discover now