(Part.26)

552 50 1
                                    

ဖောင်းအစ်အစ်မျက်ခွံများနှင့်အတူ အိပ်ယာပေါ်ငုတ်တုတ်ကြီးထိုင်နေတဲ့ Jungkookက ဆံပင်စုတ်ဖွားဖြင့်။

နိုးနိုးချင်းTaehyungကိုတွေ့ချင်တဲ့စိတ်လေးက ပိစိလေးရှိနေသော်လည်း သွားကြည့်ဖို့ရာ စိတ်ကသွားနေပေမယ့် လူကတော့ထိုင်ရာကမထ။

ငူငူကြီးငိုင်နေလိုက်၊ မိနစ်ပိုင်းလောက် ငုတ်ကြီးအိပ်သွားလိုက်နှင့်သံသရာလည်နေ​တော့သည်။

ထိုအချိန်မှာပဲ။

ချပ်*

လက်ထဲမှာ ထမင်းပန်းကန်လုံးနှင့် နွားနို့တစ်ခွက်သယ်လာတဲ့Taehyungဝင်လာသည်။

ငုတ်တုတ်ကြီးအိပ်နေတဲ့ Jungkookကြောင့် အသဲတယားယားရယ်မိပြန်တော့။ ဘေးနားက မီးအိမ်တင်တဲ့စင်ပေါ်မှာ သယ်လာတာတွေကိုချကာ ရှေ့တည့်တည့်သွားထိုင်လိုက်သည်။

" ဟိတ်...J။ Jungkook ah~ ထတော့~"

မျက်နှာအနီးတိုးကပ်သွားပြီး အသံတိုးတိုးဖြင့် နှာတံထိပ်လေးကိုလက်သန်းနှင့်ဖွဖွကုတ်ခြစ်နှိုးသော်လည်း ရှုံ့တွပြီးနိုးမလာသေး။

" ဟဟ~"

သဘောတကျရယ်ပြီး ခပ်ဖောင်းဖောင်းဖြစ်နေတဲ့မျက်ခွံလေးကိုအချိန်ကြာကြာ ဖိနမ်းလိုက်တော့။

" ဟင် Kim Taehyung"

" အင်း Kim Taehyung။ မင်းရဲ့အသစ်စက်စက်ခင်ပွန်းလေ။"

ပြုံးရိပ်သန်းကာပြောနေသော မျက်ဝန်းတို့ကအမှန်တကယ်လှလွန်းတဲ့အတွက်။ ချက်ခြင်းပင် အကြမ်းပတမ်းဆွဲရမ်းချစ်လိုက်ချင်သော်လည်း နာနေသည့်ခါးနှင့် စိတ်မပြေသေးတာမို့ ဆန္ဒများကိုလျှစ်လျှုသည်။

" ဘာခင်ပွန်းမှမဟုတ်ဘူး။ ငါအိမ်ပြန်မယ်။"

"J!"

" မအော်နဲ့ ။အော်စရာမလိုဘူး ငါ့အိမ်ငါပြန်တာ ဘယ်ကောင်မှတားပိုင်ခွင့်မရှိဘူး။"

အိမ်ပြန်မည်ဟူသည့် အပြောက Taehyung ရဲ့မကြားချင်ဆုံးစကားများထဲမှတစ်ခု။

ကိုယ်ကအကြမ်းနည်းသုံးလေ သူကဂျစ်တိုက်လေနှင့်အဆင်ပြေတယ်ဆိုတာ စက္ကန့်ပိုင်းမျှသာ။

 The Semes (completed) Tahanan ng mga kuwento. Tumuklas ngayon