Mrs.Kimရှိရာ ဆေးရုံကနေအပြန်လမ်း။ ယာဥ်အများအပြားပြေးလွှားနေသည့် လမ်းမထက် ခေါင်းတစ်ခြမ်းထိုးကိုက်လာတာကြောင့် ကားကိုဂရုစိုက်မောင်းကာ လူရှင်းသောနေရာ၌ ခဏရပ်ပြီးနားလိုက်သည်။
စီယာတိုင်ပေါ်ခေါင်းမှီရင်း အသက်ကိုမှန်မှန်ရှူသွင်းလို့ သက်သာစေမည့်နည်းအားရှာသည်။
ခေတ္တမျှနားပြီး ကားစက်နှိုးဖို့ပြင်လိုက်ရာ။
ကားထဲရှိ tablet မှအဝင်callကြောင့်ကိုင်လိုက်သည်။
" ဟယ်လို"
" သခင်လေး။ ဟိုတစ်ယောက် သခင်လေးစီလာသေးလားဗျ။"
" အခုပြောနေတာဘယ်သူလဲ။ ပြီးတော့ဘယ်တစ်ယောက်လဲ။"
" ကျုပ် Yeonseok ပါ။ လမ်းအတူလျှောက်ရင်း Vrochí ကိုမတွေ့လို့ အိမ်ပြန်လာခဲ့တာ။ အိမ်မှာလည်းမရှိဘူးဆိုတော့ သခင်လေးစီများရောက်နေမလားလို့။"
" ဘာ ဒါဆို ကလေးကဘယ်သွားတာလဲ။ မင်းသေချာဂရုမစိုက်ဘူးလား Lee Yeonseok။"
" ကျုပ်တောင်းပန်ပါတယ်။ လမ်းတစ်ဘက်မှာသူ့အတွက်မုန့်သွားဝယ်ပေးနေတော့မသိလိုက်မိဘူး။"
" ကောင်းပြီ။ ငါအိမ်ကိုအမြန်ပြန်ခဲ့မယ်။"
" ဟုတ် သခင်လေး"
call end လိုက်ပြီးနောက် ကားစက်နှိုးပြီးအိမ်ကိုအမြန်မောင်းတော့သည်။
ဘယ်တွေများသွားနေပါလိမ့်။ 24နာရီမပြည့််လျှင် လူပျောက်တိုင်လို့မရတာမို့ ခက်ခဲလှ၏။
မဟုတ်မှ ကိုယ့်ကိုစိတ်နာပြီးပြန်သွားတာလားမသိ။ထိုသို့ဆိုတော်ပေဦးမည်ဖြစ်ပေမယ့် တခြားအကြောင်းအရာများကြောင့်သာဆိုပူပန်ရဦးမည်။
_____
အဝတ်စအမဲကြောင့် အမြင်အာရုံတို့ကွယ်ပျောက်နေသော်ငှား။ ကုတင်ဟုထင်ရသောနေရာ၌ လက်နှင့်ခြေတို့အား သံချိန်းဖြစ်ဟန် ခပ်မာမာအရာနှင့် အစွန်းတစ်ဖက်စီမှာချည်ထားတာကိုတော့ခံစားမိသည်။
ထို့ကြောင့်။ ရုန်းကန်၍မရသည်ကြောင့် အော်ဟစ်နေယုံမှတပါးမတတ်နိုင်တော့။
YOU ARE READING
The Semes (completed)
Fanfictionအရင် old acc ကဟာလေးပြန်တင်တာပါ🤧 အရင်ကအပြီးထိမတင်လိုက်ရလို့