(Part.22)

419 39 1
                                    


Yeonseok အိမ်အတွင်းသို့ဝင်သွားကာ အခန်းတွေကိုလိုက်စစ်သည်။ သူများအိမ်ဆိုတာလည်း နားမလည်တော့။

မနေ့ကတည်းက ရုတ်တရက်ကြီးပျောက်သွားတဲ့ Vrochí ကိုသာမသိစိတ်ကစိတ်ပူနေမိသည်။

ဒီလိုနှင့်။ လှေကားဘေးဘက်ရှိ အခန်းထဲဝင်လိုက်ချိန်မှာတော့။

" Vrochí ~"

အခုထိသတိမရ​သေးတဲ့ Vrochí ကအိပ်ယာထက်မှာလဲနေသည်။ တစ်ပါးသူအင်္ကျီဖြစ်ဟန်တူတဲ့ ခပ်ပွပွအင်္ကျီကြောင့် တစ်ဖက်လျှောကျကာ ပေါ်နေတဲ့ပုခုံးတစ်ဖက်တွင် ကိုက်ရာကြီးကအထင်းသားရှိနေ၏။

ဘေးနားသို့အမြန်သွားပြီး လှုပ်နှိုးလိုက်သော်။

" ဟိတ်...ဟိတ်ထဦး"

"........."

နိုးမလာသေးတဲ့ Vrochí က Yeonseok ရဲ့လက်ထဲကို ပျော့ဖက်ပြီးပါလာသည်။

နဖူးကိုစမ်းကြည့်လိုက်တော့လည်းသာမန်အပူချိန်ပေမို့မစိုးရိမ်ရ။ စိုးရိမ်မှုက နိုးမလာခြင်းသာဖြစ်သည်။

ထို့ကြောင့်။ အမြန်ပြန်မယ်ဟုဆုံးဖြတ်၍ ပွေ့ချီလိုက်ရာ အခန်းဝတွင်ရှိသေး လက်ထဲက Vrochí ကလူးလွန့်လာသည်။

" ဟင်~ ခြေ​​ငေ််သ့ကောင်"

" အိမ်ပြန်ကြမယ်"

အားနည်းနေဟန်ရှိသော စကားသံကြောင့် အလိုလိုကြိတ်ထားမိသည့်အံကြောင့် အကြောတို့ပါထောင်လာသည်။

အေးစက်စက်အပြောကြောင့် Vrochí ထပ်မမေးတော့ပဲ Yeonseok ကိုမှီပြီးလိုက်လာတော့၏။

အဘယ်ကြောင့်ဆို သူအမှတ်တကယ်ပင်ပန်းနေပြီဖြစ်သည်။

Yeonseok တို့ထွက်လာတော့ Jungkookနှင့် အခြေအတင်ပြောနေသည့် Taehyungက တစ်ချက်သာကြည့်ကာ ခေါင်းငြိမ့်ပြပြီးပြန်ခိုင်းလိုက်သည်။

ထိုမှ Taehtungရဲ့ အင်္ကျီကော်လံစကို ဆွဲထားသည့် Jungkookက လွှတ်ပေးလိုက်သည်။

" ပြန်တော့"

ဆိုကာ အိမ်ထဲဝင်ရန်ပြင်နေသည့်လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်တော့ ဒေါသမျက်ဝန်းများနှင့်ကြည့်လာသည့်သူ။

" ငါမင်းကိုပဲရွေးချယ်မှာမလို့ အသစ်ကပြန်စရအောင် J"

" မင်းရွေးချယ်ချင်တိုင်းရွေးချယ်ရအောင် ငါကဈေးတန်းမှာရှိတဲ့အရုပ်တစ်ရုပ်မဟုတ်ဘူး Kim Taehyung။ "

 The Semes (completed) Dove le storie prendono vita. Scoprilo ora