Zawgi
Fake Space ကပိုင်ရှင်နှင့်တွေ့ပြီးပြန်လာတဲ့ Taehyungက ရုံးခန်းတံခါးကိုဒုန်းကနည်းပိတ်ပြီး စွန်းထင်းလာသည့်အင်္ကျီတို့ကို အကုန်ဆွဲချွတ်လိုက်တော့ အတွင်းရေးမှူးနဲ့မျက်နှာချင်းဆိုင်ရုံးခန်းကဝန်ထမ်းတို့မှာပါးစပ်အဟောင်းသား။
" အတွင်းရေးမှူးLee!"
" ဟုတ်ကဲ့CEO"
စားပွဲပေါ်ဝင်ထိုင်ပြီး လက်သီးနှင့်ပျင်းပျင်းထုချကာခေါ်လိုက်တဲ့Taehyungက အပေါ်ပိုင်းဗလာဖြင့်။ အခန်းကမှန်တွေကာထားတာမို့ အပြင်ကဝန်ထမ်းတွေမှာ Taehyungရဲ့ eight partsတွေကိုမြင်ပြီး သရေကျသူကျ၊ ခလုတ်တိုက်သူကတိုက်နဲ့ပင်။
" အဲ့ဒီ့ကောင်အကြောင်းကိုစုံစမ်းထားစမ်း"
" ဘ ဘယ်အကောင်လဲCEO"
" မင်းမျက်လုံးကန်းနေလား။ Fake Space တုန်းက မျက်ပြူးကောင်လေ။"
" ဘယ်ကသာမျက်ပြူးကမှာလဲCEOရယ် အဆင်လေးပါ ဟိဟိ။"
" သွားသွား အခုချက်ချင်းသုံးလစာထုတ်တော့။"
" အယ် မလုပ်ရဘူးလေCEO။ ကျွန်မကစတာပါ... စုံစမ်းလိုက်မယ်လေနော် အဟီးဟီး။"
" အခုချက်ချင်းသွား ၊ အဲဒီ့ကောင်မျက်နှာကိုဆယ်ချက်လောက်ပိတ်ကန်လိုက်ရမှကျေနပ်မှာ။"
ဒေါသတကြီးပြောနေတဲ့ Taehyung ကြောင့်အတွင်းရေးမှူးလည်း သူ့အလုပ်ကိုစတင်ရတော့မည်။
မကြားတကြားပြောသွားသေးသည်က။
" အဆင်လေးတော့လူ့ဂွဇာလက်စာမိပြီ" တဲ့လေ။
ပြောသွားသည်ကိုTaehyungကြားပေမယ့် လောလောဆယ်Jungkookကိုပိုပြီးဒေါသထွက်နေတာကြောင့် အတွင်းရေးမှူးကိုမဆူအား။
ထိုမျက်စိနောက်စရာသတ္တဝါ့ဆီပဲဒေါတွေပုံကျနေပေသည်။
အကယ်၍များ အဲ့ဒီ့နေ့ညကကိုယ်သာအောက်ရောက်သွားခဲ့ပါလျှင် ထိုကောင်က ကြည့်ရတာဆိုင်သူရှိသည့်ဟန်။
ဘာခံစားချက်မှမရှိပေမယ့်လည်း ကိုယ်သာခံလာခဲ့ရရင်ဆိုတဲ့အသိကကြီးစိုး၍ထိုမျက်ပြူးကိုမည်သူနှင့်မျှတွဲခွင့်မပြုနိုင်ပါ။
YOU ARE READING
The Semes (completed)
Fanfictionအရင် old acc ကဟာလေးပြန်တင်တာပါ🤧 အရင်ကအပြီးထိမတင်လိုက်ရလို့