နွေတောင်မကုန်သေး လည်ပိတ်ဆွယ်တာအနက်နှင့် pant အရှည်ဝတ်လာတဲ့Taehyungသည်။ အိမ်အဝ၍ သက်ပြင်းရှည်ရှည်ချပြီးဝင်လာသည်။
ထို့နောက်။ ရှင်းလင်းနေသည့်အိမ်အတွင်းပိုင်းကြောင့် Vrochí ကိုလိုက်ရှာလေ၏။
" ကလေး...ကလေးရေကိုယ်ပြန်လာပြီ"
မီးဖိုခန်းဘက်ရှိလို့ရှိငြားကြည့်သော်လည်းမတွေ့ ၊ ဒီအတွက် အခန်းထဲကိုဝင်ကြည့်သည်။
ဒါပေမယ့်လည်းမတွေ့ပါ။ ထိုသည်ကြောင့် ခြံအနောက်ဘက်တွင်ရှိလေမလားဟုသွားကြည့်မိရာ။
" ခြင်္သေ့ကောင် ဒီဟာကူရွှေ့ပေးဦး"
" ....."
" ခြင်္သေ့ကောင်ငါခေါ်နေတယ်ကြားလား ။ Lee Yeonseok! ယား! Leon!"
အလုပ်သမားအသစ်ဖြစ်ဟန်တူသည့်ကောင်လေးအားအော်ဆူနေသော ကလေးကဘာတွေအလိုမကျနေပါလိမ့်။
ပန်းအိုးတွေကိုလက်ညှိုးထိုးပြီးပြောနေ ပေမယ့် ဟိုကောင်လေးက အရေးမလုပ်ပဲပေါင်းသင်နေ၏။
ဒါကြောင့် အနားကိုသွားလိုက်ပြီး။
" ကလေး ဘာဖြစ်လို့လဲ"
" ဟင် Darling ပါလား။ မနေ့ညက ဘယ်တွေသွားနေတာလဲပြော!။ လူကိုတစ်ယောက်တည်းထားခဲ့ပြီးတော့။"
မျက်ရည်စအချို့နှင့်အတူ Taehyungကိုဖက်လိုက်တဲ့ Vrochí အားကြည့်ပြီး ပေါင်းသင်နေရင်းမှ Yeonseok ခေါင်းခါမိသည်။
သခင်မKim အလုပ်သွားကတည်းက ခိုင်းနေတဲ့ပန်းအိုးရွှေ့။အခုလည်းအာညောင်းခံပြီးအော်တုန်း။ ခေါ်လိုက်တဲ့နံမယ်တွေကလည်းစုံလို့။
အကူညီတောင်းရင်လုပ်ပေးချင်ပေမယ့် သူကKimမိသားစုရဲ့ဧည့်သည်မို့ကိုယ့်အလုပ်ရှင်မှမဟုတ်ပဲ။
အထက်စီးနှင်းကခိုင်းတာမျိုးကိုသဘောမကျတာမို့မကြားဟန်သာဆောင်နေလိုက်သည်။
အခုတော့ သခင်လေးပြန်လာမှချွဲနေတယ်ထင်ပါရဲ့။
" မငိုပါနဲ့ကလေးရယ်။ မနေ့ညက ကိုယ်အလုပ်တွေပိနေလို့ပါ။"
" မယုံဘူး"
" ကိုယ်တကယ်ပြောတာ။ ဒီည ကလေးအတူရှိနေပေးမယ် ဟုတ်ပြီလား။"
VOCÊ ESTÁ LENDO
The Semes (completed)
Fanficအရင် old acc ကဟာလေးပြန်တင်တာပါ🤧 အရင်ကအပြီးထိမတင်လိုက်ရလို့