(Part.13)

450 39 4
                                    

( There are some warnings in this scene, so skip if you don't like it. )

_____________________________

Yoongi ပိုင်တဲ့ စားသောက်ဆိုင်ကိုသွားဖို့လုပ်သော်လည်း မနက်စောစော ရှယ်ရာကိစ္စနှင့် ပြဿနာရှာနေ တဲ့အဖေကြောင့် စိတ်ကမကြည်ချင်တော့။

ဒီအတွက် ဖြစ်ချင်ရာဖြစ် ပြောရာပြောဆိုပြီး ပြန်မပြောနားမထောင်လုပ်ကာ ဆိုင်ကယ်တစ်စီးနဲ့မြို့ပတ်နေလိုက်သည်။

လမ်းမှာအတွဲအချို့ကိုမြင်တော့ Babe ကိုလွမ်းလာသည့်စိတ်ကဆိုင်ကယ်ရပ်ရန်တိုက်တွန်းသည်။

ထိုသည်ကြောင့် ဆိုင်ကယ်ကိုလမ်းဘေးမှာရပ်လို့ J's ဟူသော သူမှတ်ပေးခဲ့သည့် contact လေးကိုနှိပ်လိုက်၏။

တူ~ တူ~ တူ~

ခဏမျှကြာပြီးနောက် တုန်ခါလာခြင်းနှင့်အတူ ကြားချင်သည့်အသံဩဩကပေါ်ထွက်လာသည်။

" ဟယ်လို Babe မင်းဒီနေ့အားလား"

" ....ငါလောလောဆယ်....မအားသေးဘူး"

" အသံက_ Babe မင်းအခုဘာတွေလုပ်နေတာလဲ။"

မောဟိုက်နေသည့်အသံကြောင့်မေးလိုက်သည်။ အတွေ့ကျုံရှိသူမို့ ထိုကဲ့သို့မောဟိုက်သံက သွေးရိုးသားရိုးမဟုတ်တာရိပ်မိ၏။

ဖုန်းကိုတင်းတင်းဆုပ်ကိုင်းရင်းအဖြေကိုစောင့်နေရသည်မှာရင်အစုံပေါက်ထွက်မတက်ပင်။

" ငါ ရေကူးကန်မှာ .....လျှောက်တွေးမနေနဲ့"

" ရေကူးကန်ကိုဘာကိစ္စနဲ့လဲ"

" ရှယ်ရာရှင်ပါတီလေ "

" မနက်ခင်းကြီးမှာရေကူးပါတီတဲ့လား"

ထိုအမေးကြောင့်တစ်ဖက်က တိတ်ဆိတ်သွားသည်။ သို့သော်လည်းပြန်ဖြေလာသေးသည်။

" မင်းအခုငါ့ကိုသံသယဝင်နေတာလား J"

" ငါမင်းကိုသံသယဝင်တယ်လို့တစ်ခါမှမပြောဘူး။ မနက်ခင်းမှာရေကူးပါတီလုပ်ရတဲ့အကြောင်းကိုပဲမေးတာ။"

" သူတို့လုပ်တာငါဘယ်လိုလုပ်သိမှာလဲ"

" ထားလိုက်တော့Babe။ ငါမင်းကိုလွမ်းလို့ဆက်တာ။ ငါဖုန်းချလိုက်တော့မယ်။"

 The Semes (completed) Where stories live. Discover now