ရိပ် စိမ်း၏ မျက်ဝန်းတို့အား သေချာလေးနက်စွာ စူးစိုက်
ကြည့်ပြီးနောက် ချစ်ရသူ၏ ရှေ့ ဒူးတဖက်ထောက်ချကာ
အိတ်ကပ်ထဲမှ ကတ္တီပါဘူးအနီလေးအား ဖွင့်၍....
''ဘယ်အချိန်ကတည်းက စွဲလမ်းမိခဲ့လဲ ဆိုတာ သေချာမသိ
ပေမယ့် စိန်ပန်းနီနီတွေ ကြွေကျနေတဲ့ မြေနီလမ်းမ ထက်က
နှင်းဆီပန်းနီနီရဲရဲလေးပန်ပြီး ကတ္တီပါဖိနပ် အနီရောင်လေးကို
စီးထားတဲ့ မမရဲ့ပုံရိပ်ဟာလေ ရိပ်မျက်လုံးထဲအခုချိန်ထိ
စွဲထင်နေတုန်းပဲ။အခု ရိပ် မမကို ချစ်ရေးဆိုခဲ့တဲ့အချိန်က
ပြောခဲ့တဲ့ စကားလေးကိုပဲ ပြန်ပြောပါရစေ။ ရိပ်လေ မမဖတ်ခဲ့ဖူးတဲ့ ကမ္ဘာကျော်စာရေးဆရာတွေရေးတဲ့စာအုပ်တွေထဲကလိုမျိုး ချစ်ခြင်းမေတ္တာတွေ အကြောင်းဖွဲ့နွဲ့ပြီး မပြောတတ်ပါဘူး။ဒါပေမဲ့ အဲ့ဒီစာတွေ ကဗျာတွေနဲ့ ဖွဲ့နွဲ့ပြလို့ မရတဲ့အချစ်မျိုးနဲ့ မမကိုချစ်မိတယ်။ယခုလက်ရှိ ပစ္စုပ္ပန်အနေအထားအတွက်လည်း ချစ်တယ်။မသေချာပါဘူးဆိုတဲ့ မနက်ဖြန်တိုင်းအတွက်လည်း ဒီစကားကိုပဲ ထပ်ခါထပ်ခါ ပြောနေပါ့မယ်။ရိပ် မမကို သိပ်ချစ်တယ်။ရိပ်ရဲ့ သက်ဆိုင်သူတယောက်အဖြစ် ရှိနေပေးနိုင်မလား။ ရိပ်ကို လက်ထပ်နိုင်မလား မမ''
မိမိရှေ့က လက်ထပ်ခွင့်ပန်နေသော ရိပ်အားကြည့်ကာ
စိမ်း မျက်ရည်များပင် ဝဲလာတော့သည်။ ပျော်၍
ဖြစ်တည်လာသော မျက်ရည်ဥ တို့ကြောင့် ပုံရိပ်များပင်
ဝိုးတိုးဝါးတားဖြင့်။ ဘာမှပင် ပြန်မပြောနိုင်သေးပဲ
ပျော်လွန်း၍ မျက်ရည်များပင် မထိန်းနိုင်ခဲ့။
မိမိရှေ့က ချစ်ရသူအား တင်းကြပ်စွာ ပွေ့ဖက်ထားမိတော့သည်။
''ချစ်တယ် ကလေးငယ်....သိပ်ချစ်တယ်''
''ရိပ်လည်း ချစ်တာပေါ့ မမရယ်''
ချစ်ရသူအား ပွေ့ဖက်ထားသော လက်များအားဖြေလျော့လိုက်ပြီး လက်ကလေးတဖက်ရှေ့ထုတ်ကာဖြင့်
ချစ်ရသူ၏ ခွင့်ပန်မှုအား လက်ခံခဲ့သည်။
ကမ်းပေးလာသော ချစ်ရသူ၏ လက်သန်းကြွယ်ထက်သို့
လက်စွပ်လေးအား ညင်သာစွာ စွပ်ပေးခဲ့သည်။
ထို့နောက် စိမ်းနှင့်အတူ မတ်တပ်ရပ်လိုက်ပြီး
စိမ်း၏ နှုတ်ခမ်းထက်သို့ နူးညံ့ချိုမြိန်လှသော အနမ်း
တပွင့် နမ်းရှိုက်ခဲ့တော့သည်။ အနမ်းများထဲ စီးမျောနေရင်
မျက်လုံးကလေးများပင် မှိတ်ထား၏။ ဒီလောကကြီးထဲ
ကိုယ်တို့နှစ်ဦးတည်း ရှိသလို ပတ်ဝန်းကျင်ဆိုသည့်
အရာအား မေ့ထားခဲ့ကြသည်။
ВЫ ЧИТАЕТЕ
''အချစ်ဟုခေါ်သည်''
Любовные романыအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။
Part-36
Начните с самого начала
