''အင်း..ဒါဆို သွားကြမယ်။ မမက အခုဆို
ဆိုင်မှာ ရှိလောက်တယ်။ ဒီနေ့က ကျောင်းပိတ်ရက်
ဆိုတော့လေ...''

ပြောပြောဆိုဆို ဖြင့် ရိပ်က ပစ္စည်းများအား သိမ်းဆည်း
လိုက်သည်။ ထို့နောက် ခြူးအား လက်လေးတဖက်ကမ်းကာဖြင့်....

''သွားရအောင် ခြူး''

သူ့ရဲ့ ချစ်ရသူဟာ ကိုယ်မဟုတ်မှန်းသိရက်နဲ့တောင်
လှမ်းပေးလာသည့် ထိုလက်ကလေးအား အမိအရ
ဆုပ်ကိုင်လိုက်မိတုန်း။ ကိုယ့်ဘက်က ခိုင်မြဲစွာ
ဆုပ်ကိုင်ထားသော်ငြား မင်းရဲ့ တဘဝလုံးစာ
လက်တွဲဖော်ဟာတော့ ကိုယ်မဖြစ်ခဲ့။

ရိပ်နှင့်ခြူးတို့ နှစ်ယောက်သား  စိမ်း၏ coffee
ဆိုင်လေးဆီသို့ ထွက်လာခဲ့ကြသည်။ သွားသည့်
လမ်းတလျှောက် အရင်က စကားတတွတ်တွတ်
ပြောနေတတ်သည့် ခြူးဟာ အခုတော့ဖြင့် တိတ်ဆိတ်
နေသည်။ ဆိုင်သို့ ရောက်သည်အထိ ထိုလက်လေးအား
မဖြုတ်ချမိ။ တခြားသူတယောက်လက်ထဲ ထည့်ပေးရတော့မှာလေ။ ခဏလောက်ဖြစ်ဖြစ်တော့ တွဲထားပါရစေအုံး။

ကိုယ်ပိုင်အခန်းလေးထဲမှ ထွက်လာသည့် စိမ်းအား
တွေ့သည်နှင့် ရိပ် ပြုံးပြလိုက်သည်။ စိမ်းလည်း
ထိုနည်းတူစွာ ပြုံးပြလိုက်ပေမယ့် စိတ်ထဲတွင်တော့
တစုံတယောက်၏ လက်လေးအားဆုပ်ကိုင်ထားသည့်
ရိပ်၏ လက်လေးကြောင့် စိတ်အလိုမကျဖြစ်မိသည်။

''မမ.... မမအားရဲ့လားဟင်
ရိပ် ပျင်းနေတာနဲ့ပဲ မမဆီထွက်လာတာ''

''အားပါတယ် ရိပ်ရဲ့ ထိုင်လေ''

ဝန်ထမ်းမလေး တယောက် စားပွဲဝိုင်းနားသို့ ရောက်လာခဲ့သည်။

''ညီမလေး ice latte တခွက်လုပ်ပေးနော်''

စိမ်း ထိုဝန်ထမ်းမိန်းကလေးအား ပြောလိုက်ခြင်းဖြစ်သည်။
ထိုအရာဟာ ရိပ်အကြိုက်မှန်သမျှကို သူအကုန်သိသည်ဆိုတာကို ပညာသားပါပါ ဖြင့်ဖော်ပြခဲ့ခြင်းဖြစ်၏။
မိန်းကလေးတွေရဲ့အကြောင်းကို မိန်းကလေး
အချင်းချင်းသာသိသည်။ ရိပ်အပေါ်ကြည့်သည့်အကြည့်
တို့အား စိမ်းအကဲခတ်တတ်ပါသည်။

''ဟုတ် အစ်မစိမ်း''

''ဒီက ရိပ်သူငယ်ချင်းကရော ဘာသောက်အုံးမလဲ''

''အချစ်ဟုခေါ်သည်''Where stories live. Discover now