"ဘာမှန်တာလဲ အမရဲ့ ယတြာမအောင်ဘူးလေ "

"ယတြာမအောင်ပေမဲ့ နင့်ယောကျ်ားဆီက
ချစ်တယ်ဆိုတဲ့စကားကြားခဲ့ရတယ်မလား။
နတ်ဆရာမပြောကတည်းက ယတြာအောင်ကို
အောင်ရမယ်ဆိုပြီးမပါဘူးလေ နင့်အပေါ်မှာမူတည်
တယ်လို့​ပြောခဲ့တာ သေချာပြန်စဉ်းစားကြည့် "

အမကျိရွှမ်းစကားကြောင့် ရှောင်းကျန့်နားထဲ
နတ်ဆရာမပြောတဲ့ စကားတစ်ချို့ကို
ပြန်ကြားယောင်နေမိသည်။

*"မင်းပေါ်မှာမူတည်တယ်ကောင်လေး မင်းသာသေချာ ထိန်းနိုင်ရင် သူကမင်းလက်ခုပ်ထဲကရေဘဲ "*

"အဲ ဟုတ်သားဘဲနော် နတ်ဆရာမက ကျွန်တော့အပေါ်
မူတည်တယ်လို့ပြောခဲ့တာဘဲ "

"အေး အကြောင့်ပြောပါတယ် နတ်ဆရာမကတကယ်မှန်တာပါဆို"

"ဒါနဲ့ ရှောင်းကျန့် ဟိုဓာတ်ရိုက်ဓာတ်စင်ရော
လုပ်ပြီးပြီးလား "

သူတို့ပြောတာတွေကိုငြိမ်ပြီးနားထောင်နေတဲ့ကြီးမေက
မေးလာသည်။ ရှောင်းကျန့်လည်းမလုပ်ရသေးတာမို့
ခေါင်းကုတ်ပြီးဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။

"ဟို.. မလုပ်တော့ဘူး ကြီးမေ "

"ဟေ ဘာလို့လဲ "

"အေးလေ ရှောင်းကျန့်ရယ် ခုတလောနင့်ယောကျ်ားက
အိမ်သိပ်မကပ်ဘူးမလား "

တစ်ယောက်တစ်ပေါက်နဲ့​ပြောနေကြတဲ့
ကြီးမေနဲ့အမကျိရွှမ်းကြောင့် ရှောင်းကျန့်ခေါင်းကုတ်ရင်း

"ဟိုလေ...အဲဒါလုပ်ရင် မောင်နာမှာဆိုးလို့
မလုပ်တော့တာ။ပြီးတော့ သူအိမ်မကပ်လည်း
ကျွန်တော်သူ့ကိုယုံပါတယ် ဟီးဟီး "

ရယ်ကျဲကျဲပြောလာတဲ့ ရှောင်းကျန့်ကြောင့်
ဒေါ်ကျန်းမေရော ကျိရွှမ်းပါ စွံ့အနေကြသည်။
ရှောင်းကျန့်က လင်ကိုဘယ်လိုတောင်ချစ်ရတာလဲ။

"ရှောင်းကျန့်ရယ် နင့်လောက်လင်ထိပ်ထားစံတာ
နင်ဘဲရှိပါတယ်ဟယ် "

"အမလေး သူကို့ငါလည်းမပြောချင်တော့ပါဘူးဟယ်
ချစ်တာလား တုံးတာလား တကယ်ကိုမသဲကွဲတော့ဘူး "

"ကြီးမေနဲ့အမကျိရွှမ်းကလည်း ကျွန်တော်က
ချစ်တာကိုးလို့ "

My very bad husband  belong to meWhere stories live. Discover now