အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။

Start from the beginning
                                    

ထို့အပြင် စုယန်တို့နှစ်ဦးစလုံးသည် သိုင်းပညာနှင့် ကိုယ်ဖော့ပညာများကို ကျွမ်းကျင်ကြသည့်အတွက် ဤကြမ်းတမ်းသည့် တောင်တက်လမ်းကို ဖြတ်ကျော်ရန်မှာ မခက်ခဲခဲ့ပါချေ။

သို့သော် အမြင့်သို့‌ရောက်လေလေ အပူချိန် နိမ့်လေလေ ဖြစ်သောကြောင့် မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ ကျောက်ဆောင်များ၊ ချုံပုတ်များနှင့် အကိုင်းအခက်များ၏ မျက်နှာပြင်များတွင် အဖြူရောင် နှင်းခဲအလွှာများကို တွေ့မြင်လာရတော့သည်။

စုယန်သည် လမ်းလျှောက်မှုကို ရပ်တန့်လိုက်၏။
သူ အနည်းငယ် မောပန်းနေပြီဖြစ်သောကြောင့် နံဘေးရှိ ကျောက်တုံးကြီးတစ်ခုကို ထောက်မှီကာ အနားယူနေလေသည်။

ကိုယ်ဖော့ပညာကိုအသုံးပြုခြင်းသည် သူ၏အတွင်းအားကို ထိန်းကျောင်းရန် လိုအပ်ပေသည်။ သို့သော် ဤတိုတောင်းသောအသုံးပြုချိန်သည် သူ၏ခန္ဓာ ကိုယ်အတွင်းရှိ ရေခဲဝိညာဉ်ကို နိုးထစေပြီး တစ်ကိုယ်လုံးကို အေးခဲသွားစေရန် လုံလောက်ခဲ့သည်။

ကျောက်တုံးပေါ်ရှိ သူ့၏လက်သည် ကျောက်တုံးနှင့် သူ၏အရေပြားကြား အပူချိန်ကွာခြားမှုကိုပင် မခံစားနိုင်တော့ချေ။ သူ၏ ကျောရိုးအဆုံးမှ ဦးခေါင်းထိပ်အထိ ထိုးဖောက်ဝင်ရောက်လာသော အအေးဓာတ်သည် ရိုးတွင်းခြင်ဆီများပါမကျန် ပျံ့နှံ့သွားပြီး နက်ရှိုင်းစွာ အေးစက်နေပါ၏။

ကုဖေးတိက စုယန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး မေးလာသည်။

"အရမ်းအေးနေလား?"

စုယန်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။

"နည်းနည်းပါ။ ခဏလောက် အနားယူပြီးရင် သက်သာသွားလိမ့်မယ်"

ကုဖေးတိသည် စိုးရိမ်သောအမူအရာဖြင့် သူ့လက်ဖဝါးမှတ‌ဆင့် အတွင်းစွမ်းအားအချို့ကို လွှဲပြောင်းပေးလိုက်လေသည်။

စုယန်က သူ့လက်ကို ဆန့်တန်းလိုက်ပြီး ကုဖေးတိ၏ နဖူးကိုတို့ကာ ပြုံးလျက် ဆို၏။

"ငါအဆင်ပြေပါတယ်။ ငါ့ရဲ့ အတွင်းအားက နဂိုကတည်းက အေးတာလေ။ ဒီမှာ အပူချိန်က နိမ့်တော့ သက်ရောက်မှုရှိတာ ပုံမှန်ပါပဲ"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now