ဒေါက် ဒေါက်

"ကိုကို"

"ဝင်ခဲ့"

ညီမတော် ကြာရိုးက  မျက်နှာပြုံးရွှင်ကာ ဝင်လာသည်။

"ကြာရိုးနင့့် ရုပ်ကလဲ စပ်ဖြီးဖြီးနဲ့ ဘာဖြစ်လာတာလဲ"

"ဟီး ဘာမှမဟုတ်ဘူး  ကိုကို ကို မေးစရာရှိတယ် မှန်မှန်ဖြေရမယ်"

"ပြောမရှည်နဲ့"

"ဒီလို ကိုကိုချစ်သူနဲ့ အပန်းဖြေအိမ်သွားတယ်ဆို"

"နင်ကို ဘယ်သူပြောတာလဲ"

"မမထိပ်ထားလေ    မနက်က ထမင်းဝိုင်းမှာ အဘွားကို တိုင် အဲလေ ပြောနေတာ"

မဟာ     မမထိပ်ထား သူမနဲ့            အပန်းဖြေအိမ်သွားတဲ့ အကြောင်း        မမထိပ်ထားစုံစမ်းထားပုံရသည်။သူတို့သွားတဲ့ ကိစ္စ တအိမ်လုံးသိသွားတာမို့ စိတ်ပူမိသည်။တစ်ခြားတော့ မဟုတ် သူမအား  အထင်သေးပြောဆိုမှာကို ကြောက်လို့ပင်။သူလဲ အဘွားဘာပြောလဲ သိချင်လို့  ကြာရိုးအား

"အဲတော့ ဘာပြောကြလဲ"

"ဟိုလေ ကြာရိုးပြောတယ်လို့ မပြောနဲ့နော်"

"မပြောဘူး စိတ်ချ"

"မမထိပ်ထားက အဲလို ပြောတော့ အဘွားက
ကြည့်အုံး မိန်းကလေး ဖြစ်ပြီး အဲလို လိုက်ရလား အရှက် မရှိတာ ငါမြေးကိုလဲ အရှက် မရှိ လိုက်ကပ်တွယ်နေတာပဲ ဖြစ်ရမယ်ပြောတယ် ပြီးတော့ ကိုကို ကိုလဲ  အဲမမက အတင်းကပ်ပြီး မြူစားသလိုပြောတာ
အဲတာကို ကိုကိုအမေက  မယ်မယ်ရယ် မဟာလာမှ သေချာမေးကြည့်ပါအုံး  ကောင်မလေးက ဆရာဝန်ဆိုတော့ အဲလို ဖြစ်မယ်မထင်ဘူး  လို့ ဝင်ပြောတာကို  မမထိပ်ထားက ပညာတက်လဲ  ပိုက်ဆံနဲ့ ပတ်သက်လာရင် အရှက် မရှိတာမျိုးတဲ့
စကားများမှာဆိုးလို့ ပါးပါးက ဆက် မပြောနဲ့ သားမဟာလာမှ ပြောမယ်လို့ ပြောမှ ငြိမ်သွားတာ ကိုကို  ကြာရိုးလေ  မမကို အဲလိုပြောတာမခံချင်ဘူး  မမကအဲလို မဟုတ်ကြောင်းပြောချင်တာ မေမေက ဝင်မပါခိုင်းလို့"

ဟုတ်တယ်လေ ကြာရိုးမှာ ပြောဖို့လုပ်တုန်း မေမေက တားလို့သာ မပြောလိုက်ရတာ ပြီးတော့ မေမေက   ပြသနာထဲဝင်ပြီး အဘွား အမျက်ရှအောင် မနေဖို့ပြောသည်။ကိုကြီးမင်းမြတ်နဲ့ မေမေတို့နှစ်ယောက်ကတော့ မျက်နှာပြုံးရွှင်ကာ ဘာတွေ သဘောကျလဲမသိ။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now