အရင်အချိန်တွေတုန်းကလဲ ဒီလိုအချိန်မျိုးထင်တယ်။ဒီမြေကိုခွဲသွားတဲ့နေ့ရက်တွေတုန်းကအတိုင်း ရာသီဥတုက အအေးပိုနေတယ်။ အဲ့ဒီတုန်းကတော့ ချန်းယောလ်ဘေးမှာ အေးချမ်းစွာအိပ်မောကျနေတဲ့ အဖြူရောင်လူသားလေးက အခုတော့ အခန်းထောင့်လေးမှာ အဖေ့ရဲ့ လက်ရာတွေကို စူးစမ်းနေတယ်။

"ဟျွန်း ပြန်ရအောင် အေးလာပြီ..."

"အင်း.."

အပြန်လမ်းဟာ ပုံမှန်ထက်ပိုတိတ်ဆိတ်နေတယ်။ နှစ်ယောက်စလုံးမှာ အတိတ်က အတွေးစတို့နဲ့ ပျံ့ပျံ့ကျဲကျဲ။ ဘတ်ဟျွန်းလက်ကို ရုတ်တရက်ဆွဲလို့ ချန်းယောလ်က ခြေလှမ်းကို နောက်ပြန်လှည့်လိုက်ချိန်မှာ ဘတ်ဟျွန်းအတွေးစတွေ မှိန်ဝါးသွားတယ်။

"ချန်းယောလ် ဘယ်သွားမလို့လဲ..."

ပြုံးပြလာတဲ့ ပါးချိုင့်တစ်ဖက်မှာ များစွာသော အဓိပ္ပါယ်တွေ စီးဝင်လို့။
ချိုးကွေ့သွားတဲ့ လမ်းရဲ့ ဉီးတည်ရာဟာ အရင်က ရွှံ့တောရှိခဲ့ဖူးတဲ့ နေရာဖြစ်တယ်။ ဘတ်ဟျွန်းနှုတ်ခမ်းလေးတွေလဲ ပြုံးရောင်သန်းလာခဲ့တယ်။

တိတိပပခြေစုံရပ်လိုက်တဲ့နေရာဟာ သူတို့ငါးဖောင်းလောင်းလေးတွေ ဖမ်းဖူးတဲ့နေရာ။ ဒါပေမယ့် အခုတော့ ညစ်မဲမဲရွှံ့စေးတွေအစား အဖြူရောင် Dandalian တွေ မျက်စိတစ်ဆုံးတည်ရှိနေတာ ဒဏ္ဍါရီဆန်ဆန် ။

"သေချာပေါက် မင်းကိုပြချင်နေခဲ့တာ.."

"Dandalian တွေပဲ ...
လှလိုက်တာ..."

"ဒီရေါက်တိုင်း ဒီနေရာကိုလာဖြစ်တယ်
ပြီးတော့ Dandalian တွေ လေပေါ်မှာ ပျံ့ဝဲသွားတိုင်း ဆုတောင်းတယ်
မင်းရှိတဲ့အရပ်မှာ နေသာနွေးထွေးပါစေ
ပြီးတော့ ကိုယ်အရောက် မင်းဆီလှမ်းနိုင်ပါစေ ဆိုပြီး..."

"မင်းဆုတောင်းတွေ ပြည့်ခဲ့တယ်ထင်တယ်..."

"အင်း ကိုယ့်ဆုတောင်းတွေ တကယ်ပြည့်ခဲ့တယ်.."

ပြောရင်းနဲ့ ဘေးနားက Dandalian လေးကို ချိုးယူပြီး ဖူးကနဲ မှုတ်ထုတ်လိုက်တယ်။ ဝတ်မှုံဆန်လေးတွေ လေထဲကို ဝဲခနဲ ပျံတက်သွားတယ်။ ချန်းယောလ်က ချက်ချင်းမျက်စိတွေမှေးမှိတ် လက်နှစ်ဖက်ကိုယှက်ကာ

MINE(Completed)Where stories live. Discover now