🎄The Magic of Christmas Time🎄

66 5 0
                                        

Taeyeon"🎄Yoona ya၊ နင်နှစ်တိုင်း Christmas နေ့ဆို ဘယ်ပျောက်နေတာလည်းဟာ။🎄"

ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို Taeyeon ရဲ့ အသံက ဖြိုခွင်းလိုက်ပြီးနောက်မှာတော့ ဘေးနားမှာ ထိုင်နေတဲ့ Yuri ကပါ Taeyeon ကို ထောက်ခံသည့်အနေဖြင့် ခေါင်းလေး တငြိမ့်ငြိမ့်ဖြင့်....

Yuri"🎄 ဟုတ်ပါ့။ ရည်းစားနဲ့ လည်ရအောင်လည်း နင် ငယ်ငယ်ကတည်းကနေ အခု အသက် ၂၆ နှစ်အထိကို ရည်းစားလည်း တစ်ယောက်မှ မထားဖူးသေးပါဘူး။ 🎄"

သူမ သူငယ်ချင်း နှစ်ယောက်ရဲ့ အမေးကြောင့် အိတ်ကပ်ထဲ လက်နှိုက်ကာ ပင်လယ်ကြီးကို ငေးကြည့်နေတဲ့ Yoona တစ်ယောက် သူ့ သူငယ်ချင်းတွေဘက်သို့ ခန္ဓာကိုယ်ကိုလှည့်လိုက်ရင်း....

Yoona"🎄ငါလား? အင်း ဒီလိုပါပဲ၊ ငါ့ အမျိုးတွေနဲ့ အတူတူ သွားရမယ့်နေရာရှိလို့ပါ။🎄"

သူမပြောတော့ ဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဂိမ်းဆော့နေတဲ့ Sooyoung တို့ အားမလို အားမရ လေသံဖြင့်....

Sooyoung"🎄နင်ကလည်းဟာ ဒီတစ်နှစ်တော့ ငါတို့နဲ့ အတူတူလိုက်ခဲ့ပါဟာ။🎄"

Taeyeon"🎄ဟုတ်တယ်ဟာ Yoon ကလည်း ငါတို့ သူငယ်ချင်းတွေအတူတူ Christmas လုပ်တော့ ပိုမကောင်းဘူးလား။🎄"

Yoona"🎄တော်ပါပြီဟာ။ ငါတစ်ကယ် တောင်းပန်တယ်ရယ်။ ကျန်တဲ့ အချိန်တွေ ဘယ်လိုနေနေရတယ်ကွာ၊ Christmas တစ်ရက်ကတော့ မရလို့ပါဟာ.. နော်။ 🎄"

Fany လည်း ငြင်းခုံနေတဲ့ သူငယ်ချင်းတွေကြား အခက်တွေ့လာတဲ့ Yoona ရဲ့ အခြေအနေကို အကဲခတ်မိပြီး။

Tiffany"🎄Tae ရယ် ခေါ်မနေပါနဲ့တော့ဟာ၊ သူလည်း တကယ်မရလို့နေမှာပေါ့ဟ။🎄"

Taeyeon"🎄အေးပါ။ အဲ့ဆိုလည်း New years ကျမှတွေ့မယ်။ bye Yoon🎄"

Yoona"🎄Ok bye Tae, bye fany, bye bye all🎄"

Tiffany"🎄Bye Yoon See U🎄"

ဒီလိုနဲ့ သူငယ်ချင်းတသိုက် နှုတ်ဆက်စကားပြောရင်း အသီးသီး အိမ်ကို ပြန်ခဲ့ကြလေသည်။Yoona တစ်ယောက်ကတော့ ခါတိုင်းရက်တွေနှင့်မတူ ဒီကနေ့ အိမ်ပြန်လမ်းမှာ ခြေလှမ်းတွေက ပေါ့ပါးသွက်လက်လို့နေသည်။ နှုတ်ခမ်းထက်မှာလည်း အပြုံးပန်းတို့က ဝေဆာလျက်။

This Christmas- Winter Is Coming!! (Z+U)Historias para obsesionarse. Descúbrelo ahora